"boss ကျွန်တော့်ကို ဘာလို့ အတင်းလက်ထပ်ဖို့တွန်းအားပေးတာလဲ။"
"မင်းသူနဲ့ ဖြစ်ခဲ့တယ်မဟုတ်လား။ "
"သူကအတင်းတိုးဝင်တာ သူက....သူကကျွန်တော့်ကို အပေါ်က...ကျစ် ကျွန်တော် လက်မထပ်နိုင်ဘူး။ "
ရိပေါ်ကစဉ်းစားလိုက်ပြီး
"အဲ့လိုလား။"
ဝမ်ချောင်က အဲ့ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးနာမည်ပျက်မရှိတာမို့ ရိပေါ်ယုံကြည်သည်။
"Sorry ငါမှားသွားတယ်။ မလိုလားပဲ အဲ့လိုဖြစ်တယ်ဆိုတာ မတွေးမိလိုက်ဘူး။"
"Boss ရော Boss တို့က ဘယ်လိုစလုပ်ဖြစ်တာလဲ။ ချစ်ပြီးမှလား။"
ရိပေါ်က ခေါင်းလေးကိုကုတ်လျှက်
"ငါ ငါလည်း ဒီတိုင်းမတော်တဆပဲ။ ဒါပေမယ့် ငါအရမ်းချစ်သွားတယ်။ "
"နိုးနိုး ကျွန်တော် အဲ့လို ဖြစ်မှာမဟုတ်ဘူး။"
_______
နောက်တစ်နေ့
ရိပေါ်သည် လက်ကျန်ရှိတာလေးတွေနှင့် လူသူမရှိသေးသည့် မြို့သစ်နေရာမှာခြံဝယ်ကာ ရုံးခန်းတစ်ခုဆောက်လုပ်ရန်စီစဉ်လေ၏။ မြို့နှင့်လည်းဝေးတာကြောင့် ရုံးမှာ ဝမ်ချောင်ကိုပင်တိုင်ထားရမည်ဖြစ်သည်။
ယခုရိပေါ်နှင့် ဝမ်ချောင်က ထိုနေရာကိုပြင်ဆင်ရန်အတွက်သွားမှာဖြစ်ပြီး ရှောင်းကျန့်ကတော့ သူ့အလုပ်သူသွားပြီဖြစ်သည်။ထိုစဉ် ဟိုက်စန်းက ကောင်လေးတစ်ယောက်နှင့် အထုပ်တွေပြင်ဆင်နေသည်။
"ဒါကဘာလဲ။ Boss"
"ဟိုက်စမ်းကို မင်းနဲ့ထည့်ပေးမှာလေ။ ရှောင်းကျန့်က လူသစ်ထပ်ရှာထားတယ်။"
"မဟုတ်ဘူးလေ။ သူ့ဘေးကကောင်..."
"အာ...အဲ့တာ မင်းရဲ့ပြသနာဖြေရှင်းဖို့လေ။ ကောင်လေးကအယုံလွယ်တယ်။ သူအဲ့လူအပေါ်သာယာသွားရင် မင်းကိုမေ့သွားလိမ့်မယ်။ အဲ့တော့ မင်းနဲ့ လက်ထပ်ဖို့တောင်းဆိုမှာမဟုတ်တော့ဘူး။"
"အဲ့လူက သူနဲ့လက်ထပ်မှာလား။"
"အဲ့အခြေနေထိတော့ ရောက်မှာမဟုတ်ဘူး။ မင်းပူမနေနဲ့ သူက ကျွမ်းကျင်တဲ့ one night stand ပါ။"