ရှောင်းကျန့်ရုန်းနေရာက ရပ်ပြီးဘေးဖက်ကိုကြည့်လိုက်တော့ရဲဝတ်စုံတွေအပြည့်နှင့်လူတွေ။ ခုနက ရဲဆယ်ယောက်က ယူနီဖောင်းမပါပေမယ့် ကိုရီးယားရဲတွေဆိုတာသိရသည်။ ယခုကဖစ်လစ်ပိုင်ရဲတွေ သူတော့ဇာတ်သိမ်းပြီ။
တပ်ကူရောက်လာပြီး သူ့ကိုလာဖမ်းတာလား။ သူအလုပ်တွေမလုပ်ရသေးဘူး။ ချောင်ဖက်ကိုလည်း မဖြိုလှဲရသေးဘူး။ သေခါမှ သေရော။ သူပြိုလဲလို့မဖြစ်ဘူး။
ရှောင်းကျန့် ထိုသို့တွေးပြီးအတင်းရုန်းတော့ ထမ်းထားတဲ့သူလည်း ဟန်ချက်ပျက်လာသည်။
"ငြိမ် ငြိမ်နေ။"
ဟူသောအသံနှင့် ကားထဲထည့်ခံလိုက်ရတဲ့အခါမှာတော့ သူ့ကိုထမ်းလာသူကိုပြန်မော့ကြည့်လိုက်ရာ
"ဝမ် ဝမ်ရိပေါ်။"
"ဘယ်လိုဖြစ်တာလဲ။ ခုပုံစံကိုပြန်ကြည့်ဦး။ ကြောင်ချီးရုပ်လေးနဲ့ ဘယ်လောက်သနားစရာကောင်းလဲ။"
ရိပေါ်က ငုံ့ဝင်လာပြီး သူ့မျက်နှာကို ပုဝါဖြင့်သုတ်လာသည်။ ရှောင်းကျန့် အမေနှင့်ခွဲရတုန်းကမျက်ရည်ကျတာ နောက်ဆုံးလို့ထင်ခဲ့ပေမယ့် အခုမျက်ရည်ကအလိုလို ကျချင်လာသည်။ သို့ပေမယ့် ပြန်ထိန်းလိုက်သည်။ သူကသနားစရာကောင်းတဲ့ လူအမျိုးစားမဟုတ်ဘူး ဟုတွေးလျှက် ကိုယ်ခန္တာကိုရှေ့တည့်တည့်လှည့်ထိုင်လိုက်သည်။ ရိပေါ်က သူ့နားမှာဝင်ထိုင်ပြီး
"နယ်ကျော်ပြီး လာထိလို့မရဘူးဆိုတာမသိဘူးလား။"
"ငါ အငိုက်မိသွားလို့။"
"အဲ့တာကြောင့် ငြိမ်ငြိမ်နေပါပြောတယ်။ စိတ်လိုက်မာန်ပါမလုပ်နဲ့။"
"ကျစ် မရှည်နဲ့။"
ရှောင်းကျန့် အပြင်ပိုင်းကသာ အရှုံးကိုလက်မခံချင်လို့ ပြောနေပေမယ့် ရိပေါ်ကို တိတ်တဆိတ်ကျေးဇူးတင်နေမိသည်။ ဝမ်းနင်ကြောင့် ဖြစ်တာ ၂ ခါရှိပြီ။ ဝမ်းနင်ကြောင့်ဆိုပေမယ့် ခုတစ်လော ဝမ်းနင်အဆင်မပြေတာသူသိသည်။ သိပေမယ့်လျစ်လျူပြီး ကိုယ်လုပ်ချင်တာကိုပဲစွတ်လုပ်ခဲ့သည်။ အမှန်ဆို ဝမ်းနင်ကိုမခိုင်းသင့်ဘူး။