"အိုး အထိတွေ့လေးကနူးညံ့လိုက်တာ။ အနံ့လေးကမွှေးနေတာပဲ။ ငါဘယ်ကိုရောက်နေတာလဲ"
အထိတွေ့ကောင်းနှင့် သစ်လွင်သည့် မွှေးရနံ့တို့ကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်ရန် ရှောင်းကျန့် မျက်လုံးတွေဖွင့်တော့ ဖွင့်မရပဲလေးလံနေသည်။ ထိုစဉ်
"ဖျန်း..ဖျန်း"
ပါးနှစ်ဖက်ကို တစ်ချက်စီ ခပ်စပ်စပ်လေးအရိုက်ခံလိုက်ရသဖြင့် လေးနေသည့် မျက်လုံးတွေ ဖျက်ကနဲပွင့်လာရာ
"ဟေး မင်းအိမ်မဟုတ်ဘူး။ ထတော့..."
*အာ ဟုတ်သားပဲ ညက ရိပေါ်အိမ်မှာအိပ်သွားတာ။ မဆိုးပါဘူး။ သူ့အသုံးဆောင်တွေက ဇိမ်ရှိသားပဲ*
ရှောင်းကျန့်ရိပေါ်ကို တစ်ချက်မျှမကြည့်ပဲ အပျင်းသန်းပြီး ထိုင်နေသည်။ ဒါကိုရိပေါ်ကစိတ်မရှည်စွာခါးထောက်ကြည့်နေတော့
"ငါအိပ်ယာနိုးနိုးချင်း ဆိုဦးနှောက်က ချက်ချင်းအလုပ်မလုပ်ဘူး။ ခနစောင့်"
ရှောင်းကျန့်က ပျင်းတွဲတွဲဖြင့်ထသွားပြီး မျက်နှာသစ်သွားတိုက်အေးဆေးလုပ်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်။ ဝမ်ရိပေါ်သူ့ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ရှောင်းကျန့်နေပုံထိုင်ပုံက အပေတေဆန်သည်။ လက်ရှိမှာ ကောင်းတာလုပ်နေတာမဟုတ်သလို အတိတ်မှာလည်း အလေနက်တောထဲကပဲဖြစ်လိမ့်မည်။ ရိပေါ်က လက်ရှိ လောင်းကစားနှင့်စီးပွားရှာဖြစ်သွားတယ်ဆိုတာက မိသားစုအရမ်းဆင်းရဲလို့ မခံချင်စိတ်နဲ့ ဒီလမ်းကိုလျှောက်ခဲ့မိတာဖြစ်သည်။ ဒါကြောင့်လည်း သူက တရားဝင်စီးပွားရေးတွေပါတွဲလုပ်တာဖြစ်သည်။ ခုလိုပြသနာတွေဖြစ်လာတော့ ရိပေါ်က လောင်းကစားအလုပ်ကိုစွန့်လွှတ်ဖို့ ဆုံးဖြတ်ထားသည်။ လက်ရှိ မိဘတွေကလည်း ကိုရီးယားမှာရှိနေတော့ သူလည်း အေးအေးချမ်းချမ်း နေချင်သည်။
"မင်းလုပ်ရမှာက ငါသွားတဲ့နောက်က လိုက်ရုံပဲ။"
"မင်းရဲ့နောက်လိုက်လုပ်စေချင်တာလား။ အိမ်မက် မမက်နဲ့။"
"မင်းဘာတွေ သိမ်ငယ်နေတာလဲ။ အခု ငါ့နောက် လိုက်လို့ ကိုယ့်ကိုကိုယ်ခံစားနေရလို့လား။ အဟက်။"