" ဘာ LGBTQ Supporter လဲအရေးမပါတာတွေ ဖြစ်နေတယ်။ "
ရှောင်းကျန့်အတွက် လောကကြီးနဲ့အဆက်ပြတ်နေသလို ကိုဖြစ်နေသည်။ သူတို့ဖျော်ဖြေရေးလောက ကလူတွေကို အသက်ကြီးပိုင်းမှ လွဲပြီး တစ်ယောက်ကိုမှ မသိတာဖြစ်သည်။
အခုလည်း သူတို့နိုင်ငံက လိင်တူ လက်ထပ်ခွင့်ပြုလိုက်တည်းက lgbt နဲ့ပတ်သတ်ပြီး တစ်အားကိုပေါ်ပြူလာဖြစ်နေသည်။ ချောင်ဖတ်က သူ့လုပ်ငန်းကြေငြာတွေကို lgbt အတွဲလေးတွေကိုအသားပေးရိုက်ကူးမှုနှင့် သူ့လုပ်ငန်းတွေတော်တော်လေး အကျိုးမြတ်ရနေတာဖြစ်သည်။ လူတွေက တစ်ခုခုဆို ချောင်လုပ်ငန်းစုကိုပဲပြေးပြေးမြင်နေလောက်အောင် သူကကောင်ချောလေးတွေကို အသုံးပြုပြီး popular ဖြစ်အောင်လုပ်နေတာဖြစ်သည်။ရှောင်းကျန့် တစ်ခုခုကိုတွေးပြီး ကောက်ကျစ်စွာပြုံးလိုက်ကာ
*ကောင်းပြီလေ။ ငါ့ကိုလာစိန်ခေါ်ရဲတယ်။ အရင်ဆုံးသစ္စာဖောက်တာ မင်းတို့ပဲ။ ငါကလွယ်လွယ်အရှုံးပေးရအောင် ငတုံးမှ မဟုတ်တာ။ *
"ဝမ်းနင်..."
ရှောင်းကျန့် အော်ခေါ်လိုက်တာနဲ့ ဝမ်းနင်ချက်ချင်းရောက်လာသည်။ သူလုပ်ရမည့်အလုပ်များ ရှိမလားဆိုသည့် အတွေးနှင့်မျက်ဝန်းတွေတောက်ပလျှက်ရှိသည်။
"Boss ကျွန်တော်ဘာလုပ်ပေးရမလဲ။ အသက်ပေးဖို့အဆင်သင့်ပါ။"
" ဒီပြသနာတွေက မင်းရဲ့ပရောဂမကင်းဘူးဆိုတာ မင်းသိတယ်မှတ်လား။"
"ကျွန်တော်သိပါတယ်။ "
"လုပ်ငန်းကိုပြန်ပြီးစဖို့လုပ် ဖိလစ်ပိုင်ကိုသွား။ အဲ့မှာ မင်းကိုကူညီဖို့ လူတွေရှိတယ်။"
"စိတ်ချပါ။ ပျက်စီးသွားသမျှ အကုန်ပြန်ရစေရမယ်လို့အာမခံပါတယ်။"
"နေဦး..."
ဝမ်းနင်ထွက်သွားမယ်လုပ်တော့ ရှောင်းကျန့်က တားလိုက်ပြီး
"ခွေးတွေနဲ့ မပတ်သတ်နဲ့။"
ဝမ်းနင်တစ်ချက် စဉ်းစားလိုက်ရပြီးမှ
"စိတ်ချပါ။"
"အရိပ်လာနင်းတာနဲ့ ရှော့ပစ်လိုက်။ ငါဒီကနေ အကုန်ရှင်းပေးမယ်။"