" ရဲမှူးကြီး နိုင်ငံခြားပြန်သူဌေးတစ်ယောက်က ဒီနိုင်ငံထဲမှာ ကာစီနိုလုပ်ငန်းလုပ်ဖို့ ရဲမှူးကြီးနဲ့ စကားပြော ချင်ပါတယ်တဲ့။ သူက ထိုင်းနိုင်ငံမှာရော အမေရိကား မှာရော ဖိလစ်ပိုင်မှာရော အလုပ်လုပ်နေတဲ့သူဖြစ်တယ်။ ဒီမှာသာလုပ် ခွင့်ရရင် ရရင် ရဲမှူးကြီးတောင်းသလောက်ကိုပေးမယ်တဲ့။"
"နိုင်ငံခြားသားလား။"
"ဟုတ်ပါတယ်။ သဘောတူတယ်ဆို သူကိုယ်တိုင်လာတွေ့ပါမယ်တဲ့။"
"ကောင်းပြီလေ။ ငါ့မှာလုပ်ပိုင်ခွင့်လည်း တော်တော်ရသွားပြီးတော့ယုံကြည်မှုလည်းရနေပြီဆိုတော့ ငါ့အတွက်ငါစီးပွားရှာရတော့မှာ မဟုတ်လား။ ဟား ဟား။"
ရဲမှူးချောင်ဟာ လောင်းကစား ဘုရင် wang xiao ဆိုတာကို ဖျက်စီးပြီးနောက် ဝမ်းနင်ထပ်မံတည်ထောင်ထားသည့် လောင်းကစားရုံကိုပါ ဖျက်စီးနိုင်ခဲ့သည့်အတွက် သူကအထက်လူကြီး၏ အပြည့်ဝယုံကြည်မှုကိုရနေတာဖြစ်သည်။
_____
ဝမ်ရိပေါ်ဟာ တစ်ခါတစ်လေ သူငယ်ချင်းတွေနှင့် ဂေါက်ရိုက်ရတာကို ဝါသနာပါသူဖြစ်ရာ ယခုလည်း ဂေါက်ကွင်းကိုရောက်နေ၏။ သူငယ်ချင်းတွေက မိန်းမလှလေးတွေ ငှားပြီး အားပေးတာတို့ ဘာတို့လုပ်ခိုင်းတာကြောင့် သူတို့နားမှာ မိန်းမလှလေးတွေ ရှိနေကြသည်။
ရိပေါ်က အိမ်ကထွက်လာတည်းက မျက်နှာ ပြုံးစစ ဖြစ်နေတာကိုဝမ်ချောင်သတိထားမိသည်။ နှုတ်ခမ်းကလည်း တော်တော်ကြီးကြီး ပေါက်ထားသေသည်။ ဘာလို့ပေါက်တာလဲဆိုတာတော့ အခွင့်ရရင် မေးမယ်ဟုဝမ်ချောင်စဉ်းစားထားသည်။
"Boss wang , Boss wang"
ထိုစဉ်ကောင်မလေးတစ်ယောက်က
"Boss wang နှုတ်ခမ်းကဘာဖြစ်တာလဲ။"
နှုတ်ခမ်းကဘာဖြစ်တာလဲမေးတော့ ပြန်တွေးလိုက်တာနှင့်တင် ရိပေါ်ပြုံးမိသွားသည်။
"ချစ်စရာကောင်းတဲ့ ယုန်လေးတစ်ကောင်ကိုက်ထားတာ။"
"Boss ကယုန်မွေးတာလား။"
"အင်း.."
"ဒါနဲ့လေ ချူးတို့ရဲ့ မာဆက်မှာ ပရိုမိုးရှင်းအသစ်တွေရောက်နေပါတယ်။ Boss wang အပန်းဖြေချင်တဲ့အခါ များရှိရင် ဖိတ်ခေါ်ပါတယ်။"