"ဟား နှစ်ကောင်ပေါင်းပြီးငါ့ကိုဖြိုချင်တာနဲ့များ လက်ထပ်ဖို့အထိလုပ်ကြတာလား။ ဟား ဟား။ မင်းတို့မျက်နှာဖုံးဘယ်လောက်ကြာကြာခံမှာလဲ။"
"Boss သူတို့နှစ်ယောက်က တစ်ကယ်ချစ်သူတွေဆိုပြီး လူတွေကယုံကြည်နေကြတယ်။ တစ်ကယ်ဆိုရင်ရော။ ရေရှည်။"
"သူတို့အောင်မြင်မှုက သူတို့အောင်မြင်မှုပဲ။ သူတို့အောင်မြင်လို့ ငါဆုတ်ယုတ်သွားတာတော့မရှိဘူး။ အေး....ဒါပေမယ့် ငါနဲ့ပုခုံးချင်းလာယှဉ်ရင်တော့ လက်မခံနိုင်ဘူး။ ပြီးတော့ အမြဲရန်သတ်နေတဲ့ ဒီကောင်နှစ်ကောင် ချက်ချင်းကြီး ခုလိုဖြစ်သွားတာ ငါ့ကိုကြောက်လို့ပဲ။"
ပွဲမလုပ်ပဲ လက်ထပ်စာချုပ်တစ်ခုတည်းကို social ပေါ်တင်ထားတာက ဖြစ်သလိုနိုင်မှန်းပေါ်လွင်နေသည်။ ဘာမှ မမြင်တဲ့ သနားစရာ fan တွေကတော့ လက်ထပ်စာချုပ်တစ်ခုတည်းနဲ့ ကျေနပ်နေလေရဲ့။
"သူတို့အစစ် အမှန်မဟုတ်ဘူးဆိုတာ ဖေါ်ပြနိုင်ရင် သူတို့ပြီးပြီပဲ။"
"ဒါကို မင်းကသေချာစီစဉ်ပါ Jane"
"ဟုတ် Boss"
ချောင်ဖက်က သူ့ကိုတည့်ကြီးတွေ ပြန်တိုက်နေသည့် ဝမ်နဲ့ရှောင်ပျက်စီးဖို့ကိုဘာမဆိုလုပ်မယ့် သူဖြစ်သည်။
_________"ခုတစ်လောငါတို့နောက်ကို လူတစ်ယောက်လိုက်နေတယ်။ "
"ဘယ်သူလဲ။ မင်းတစ်ခါတည်း မရှင်းခဲ့ဘူးလား။"
ရှောင်းကျန့်က ဂိမ်းဆော့ရင်း ပေါ့ပျက်ပျက်ပြောတော့ ရိပေါ်တစ်ချက်မကြည်ကြည့်လိုက်ပြီး။
"မင်းနဲ့ပြောနေလို့ အလကားပဲ"
ရိပေါ်စိတ်မရှည်စွာ ထသွားလိုက်သည်။
ရိပေါ်မရှိတော့မှ ရှောင်းကျန့်တည်တည်တံ့တံ့နေတာဖြစ်ပြီး သူ့အလုပ်တွေကိုသူလိုက်လုပ်သည်။ နေ့လယ်လောက်ရောက်တော့
"အာ....ဇနီးလေးကို ကြိုရတာတို့ ဘာတို့ရှိတယ်မဟုတ်လား။"
ရှောင်းကျန့် ရိပေါ်၏ရုံးအရှေ့မှာ ရပ်စောင့်နေလိုက်သည်။ ရိပေါ်ရုံးထဲက ထွက်လာတော့ စိတ်ထဲ ထူးဆန်းသလိုဖြစ်နေတာမို့ ပတ်ဝန်းကျင်ကို လေ့လာပြီး ရှောင်းကျန့် ကားဆီသို့ ခပ်သွက်သွက်လာလိုက်သည်။