"Boss အရင်က boss သုံးခဲ့တဲ့ကြေးစားခေါင်းဆောင်က တွေ့ချင်တယ်တဲ့။"
ရိပေါ်က ဝင်လာရန်အချက်ပြပြီးနောက် လူမိုက်ခေါင်းဆောင်ဆိုသူကဝင်လာရာ
ရိပေါ်က ပစ္စည်းတ်ချို့ကို တို့ထိနေရင်း လှည့်မကြည့်ပဲ"ဒီလောက်အဝေးကြီး လာတွေ့တဲ့ကိစ္စက။"
"သူဌေးလုပ်ငန်းတွေကိုခုလိုရပ်လိုက်လို့ဘယ်ဖြစ်မလဲ။"
"......"
"ကျွန်တော်တို့ ကသူဌေးနဲ့အလုပ်တူလုပ်နေတာ ကျွန်တော်တို့အတွက်ထည့်တွေးဦး။ အခုက ရှောင်းကျန့်နဲ့ပဲပြသနာဖြစ်တာ။ သူဌေးကို ထိခိုက်လာသေးတာမဟုတ်ပဲ။"
"ငါဆက်မလုပ်ချင်လို့။"
"ရှောင်းကျန့်တောင်လုပ်ငန်းပြန်စနေပြီလေ။ ဘာလဲ သူဌေးကသူရဲဘောကြောင်တာလား။"
ကြေးစားခေါင်းဆောင်၏စကားအဆုံးမှာ ရိပေါ်က သူ့ခေါင်းကို သေနတ်နှင့်ထောက်လိုက်သည်။ ရုတ်တရက်မို့ ကြေးစားလည်းလန့်သွားပြီး နောက်ဆုတ်ရာ ရိပေါ်က မောင်းကိုဆွဲလိုက်သည်။
"သူ သူဌေး။"
"စမ်းကြည့်မလား။ ငါသူရဲဘောကြောင်လားဆိုတာ။"
"သူဌေးကျွန်တော့်ကိုထိရင် ကျွန်တော့်လူတွေက ငြိမ်နေမယ်ထင်လား။"
"ဖောက်"
ရိပေါ်စကားဆက်မပြောပဲ သူ့နားထင်ကိုအသံတိတ်သေနတ်နှင့်ပစ်ဖောက်လိုက်သည်။
"နိုင်ငံထဲ ခိုးဝင်လာပြီး အာချောင်နေတယ်။"
လူတွေလိုက်သတ် နေသည့် ဝမ်ချောင်ကတောင် ရိပေါ်၏သွေးအေးပုံကို လက်ဖျားခါရသည်။ အမျိုးသမီးတွေ အသက်ကြီးတာတွေ နားမလည် သူ့ကိုရန်စလျှင်အလျှော့မပေးတတ်သည့် လူစားမျိုးဖြစ်သည်။ ဝမ်ချောင်က လက်ရဲဇက်ရဲရှိသူဖြစ်ပေမယ့် ဆင်ခြင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ ရိပေါ်အားကိုရသည်။ ဝမ်ချောင်သာဆို ခုလိုအခြေနေမှာ ဒီလူကိုသတ်ပစ်မည်မဟုတ်ပေ။ ရိပေါ်၏ စိတ်အခံကိုက ဒေါသထွက်လွယ်ပြီးရန်လိုတတ်တာဖြစ်သည်။ သူတို့လောကမှာ သွေးအေးသူအဖြစ်နာမည်ကျော်တာဖြစ်သည်။