ရှောင်းကျန့်ကို အခန်းအပေါက်ဝမှာ တွေ့လိုက်ရတော့ မူးနေလို့များလားဆိုပြီး ရိပေါ်ထလာကာ မျက်နှာကိုကိုင် ကြည့်မိသည်။
"ဒီည ငါ့ဆန္ဒကိုမင်းဖြည့်ရမယ်။"
အသံကြားတော့ ရှောင်းကျန့်ဆိုတာသေချာသွားပြီး ချက်ချင်းဖက်ကာ နမ်းရှိုက်သည်။ အစတည်းက အစီစဉ်ရှိနေတဲ့ရှောင်းကျန့်က ရိပေါ်ကို တုန့်ပြန်နမ်းရှိုက်သည်။ သန်မာပြီး ခွန်အားကြီးတဲ့ ယောက်ျားနှစ်ယောက်၏ နမ်းရှိုက်မှုက ပြင်းသည်။ ဘေးကခုံရှိလျှင် ခုံလွင့်သည်။ စားပွဲရှိလျှင်စားပွဲ လွင့်သည်။
ရိပေါ်ကရှောင်းကျန့်ကို ကုတင်ပေါ်တွန်းချကာထိုင်စေလျှက် သူကဒူးထောက်လိုက်သည်။ ပြီးနောက်ရှောင်းကျန့် ညီငယ်လေးကို စတင်ပြုစုပေးတော့ ရှောင်းကျန့် နောက်လှန်ကာညည်းညူမှုပြုလေသည်။
*Shit....အသေကောင်းတယ်။ ငါစိတ်လျှော့လိုက်မယ်။ ငါတို့တစ်ယောက်တစ်လှည့်ဆိုလည်း အဆင်ပြေပါတယ်။ *
ရှောင်းကျန့်အတွေးမဆုံးခင် အနောက်ထဲ ကျူးကျော်လာသည့်လက်ချောင်းတစ်ချောင်း
"အ့.....မလုပ်နဲ့ ဒီည ငါ့အလှည့်။"
ရှောင်းကျန့်ရိပေါ်ဆံပင်ကိုဆွဲကာ ကုန်းထဖို့အားယူသော်လည်းရှေ့ရောနောက်ပါ အတွယ်ခံနေရတာမို့ ပက်လက်ပြန်လန်ကျသွားသည်။
"ရိပေါ် ဝမ်ရိပေါ်။ မင်းငါ့ကို ဘာပြောထားလဲ။"
မမူးခင်က ကတိပေးထားတာ မူးတော့ဘာမှမသိတော့ဘူးဆိုတဲ့ ဒီဇိုင်းနဲ့ ရိပေါ်က ရှောင်းကျန့်အော်သံတွေကို ဂရုမစိုက်ပဲ စိတ်ကြိုက်စားသုံးပစ်သည်။-
_________
ဘေးက စကားပြောသံကြောင့်ရိပေါ်နိုးလာသည်။ ရှောင်းကျန့်ကမထသေးပဲ ဖုန်းပြောနေတာဖြစ်သည်။ ရိပေါ်မျက်လုံးတစ်ချက်ဖွင့်ကြည့်ကာ ပြုံးလိုက်ပြီးနောက်ရှောင်းကျန့်နားသို့ကပ်ကာ ဖက်ထားလိုက်သည်။ ဖုန်းပြောနေရင်းရှောင်းကျန့်ကတွန်းဖယ်နေပေမယ့် အရာမရောက်တာကြောင့် ခနငြိမ်နေရာ ရိပေါ်ကသူခန္တာကိုယ်ကို တယုတယဖက်ကာနမ်းရှံု့ နေ၏။ ခနနေတော့ ရှောင်းကျန့်ဖုန်းပြောတာပြီးသွားကာ ဆက်ကနဲကောက်ထပစ်လိုက်တဲ့အချိန်မှာတော့ ရိပေါ်မျက်နှာကိုတံတောင်နှင့်ထိမိသွားလေသည်။