Part-8

1.3K 120 6
                                    

တစ်ကိုယ်လုံးပေါ့ပါး လန်းဆန်းသောခံစားချက်ဖြင့်ရိပေါ်နိုးလာသည်။ သူမျက်လုံးတွေဖွင့်လိုက်တော့ သူ့ရှေ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ရှောင်းကျန့်။ ရိပေါ်နီးနီးကပ်ကပ်ကြီးသူ့မျက်နှာကိုသေချာကြည့်နေမိသည်။

*ဒီမနက်ဘာလို့ သူကအရမ်းလှနေရတာလဲ။ ပြီးတော့ညက...*

ညကပုံရိပ်တွေရိပေါ်ခေါင်းထဲဝင်လာတော့ ရင်ထဲမှာအေးကနဲ ကြည်နူးမိသွားသည်။ ရိပေါ်ပြုံးလိုက်ပြီး ရှောင်းကျန့်ပါးလေးကိုအသာယာပွတ်သပ်မိတော့ ရှောင်းကျန့်မျက်ဝန်းတွေ လှုပ်ရှားလာပြီး ပွင့်လာ၏။

"ဘာလုပ်တာလဲ။ အ့"

ရှောင်းကျန့် ဆက်ကနဲထထိုင်လိုက်ရာ ခါးနာသွားတာကြောင့် မျက်နှာလေးမဲ့သွားသည်။

"ရ ရဲ့လား။"

"ဖယ်စမ်းပါ။ ကြောင်တောင်တောင်လာမလုပ်နဲ့။"

ရှောင်းကျန့် ဖြည်းဖြည်းထပြီး ခေါင်းရင်းက အားကုန်နေသည့်ဖုန်းလေးကို ယူလိုက်သည်။

"Live မလွှင့်မိတာပဲကံကောင်းတယ်။"

"ညကမင်း မစခဲ့ရင် အဲ့လိုဖြစ်မှာမဟုတ်ဘူး။"

"ဟုတ်တယ်။ ငါ့အမှား ငါမင်းနဲ့ဘာစောက်စကားမှ ပြောချင်စိတ်မရှိဘူး။ ဘာလဲ တောင်းပန်ရဦးမှာလား။"

"ဆန္ဒရှိရင် ငါမင်းကို တာဝန်ယူမယ်။"

"အလကား အပိုတွေလာမလုပ်နဲ့။ ငါ့ကိုအားနည်းတဲ့လူလို လာမဆက်ဆံနဲ့။ အရမ်းစိတ်အားထက်သန်နေရင် ငါခိုင်းသမျှကိုပဲ ခွေးပေါက်တစ်ကောင်လိုနာခံနေလိုက်။"

ထိုစဉ်ရှောင်းကျန့်ဆီဖုန်းဝင်လာသဖြင့်

"ဝမ်းနင် ပြော.......အင်း ငါခုပဲထွက်လာပြီ။"

ရှောင်းကျန့်ထွက်သွားမယ်လုပ်တော့ ရိပေါ်က သူ့လက်ကိုဆွဲလိုက်ပြီး

"ဘယ်သွားမလို့လဲ။"

"ဖိလစ်ပိုင်.."

"မင်းမသက်သာ သေးဘူး။"

ရှောင်းကျန့် ရိပေါ်၏မျက်ဝန်းတွေကိုသေချာစိုက်ကြည့်လိုက်သည်။ အရင်နှင့်မတူ ထူးခြားနေတာတော့အမှန်ပင်

ပြိုင်ဘက် ( Completed )Where stories live. Discover now