ခြံကြီး၏ မလှမ်းမကမ်းမှ ရှောင်းကျန့် ကားကိုရပ်စေ၍ အိမ်ပေါက်ကွဲတာကိုစောင့်ကြည့်နေခဲ့သည်။
"ကျစ်"
"Bae ဘာဖြစ်လို့လဲ။ "
"ငါ့ကိတ်မုန့်ယူခဲ့ဖို့ မေ့သွားတယ်။ အဲ့တာလေးက ငါ့အချိုပွဲလေး။"
"ကိုယ် ကိတ်မုန့်လောက်တော့ဝယ်ကျွေးနိုင်ပါသေးတယ်။ "
"ငါ့ကိတ်မုန့် မီးလောက်သွားပါစေဆုတောင်းတယ်။ သူတို့စားဖြစ်မှာကို မလိုချင်ဘူး။"
ရှောင်းကျန့်ကမျက်မှောင်ကြီးကုတ်ကာ ပြောတော့ ရိပေါ်က ပြုံးပြီး အသဲယားစွာ ပါးလေးကိုညှစ်လိုက်သည်။
"ဟိုက်စမ်း။ xxxx လမ်းက ခြံနံပါတ် 10 A ကိုရှင်းထားလိုက်။"
ရှောင်းကျန့်အပြောကြောင့် ရိပေါ်က ဝမ်ချောင်ကို ကြည့်ကာ
"မင်းပါကူပေးလိုက်။"
"Boss.."
ဝမ်ချောင်က နာမခံချင်သည့်ပုံမျိုးဖြစ်နေသဖြင့် ရိပေါ်စိတ်တိုသွားသည်။
"ဘာလဲ ငါ့မှာဘာမှ မရှိဘူးဆိုပြီး လစာမပေးမှာစိုးလို့လား "
"အဲ့ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်နဲ့ boss ကဟိုးအရင်တည်းက နိမ့်မြင့်အတတ်ကျ မခွဲပဲလက်တွဲခဲ့တာပါ။ အဲ့လိုထင်တာ အရမ်းစိတ်မကောင်းဖြစ်ရတယ်။"
"ဒါဖြင့် မင်းမျက်နှာကဘာဖြစ်နေတာလဲ။"
"အဲ့ကောင်လေးနဲ့ အတူတူတွဲမလုပ်ခိုင်းပါနဲ့။ သူ့ကိုခိုင်းလိုက်သမျှ ကျွန်တော်ပဲအကုန်လုပ်နေရတယ်။ သူ့စိတ်ကဂိမ်းဆော့ဖို့ပဲသိတယ်။"
ထိုအခါရှောင်းကျန့်က ဟိုက်စမ်းကို မျက်ထောင့်ကပ်ကာ စိုက်ကြည့်ပြီး
"မင်း အလုပ်ပြုတ်ချင်နေပြီလား။"
"အဲ့လိုမဟုတ်ပါဘူး။ ဒီကအစ်ကိုက ပိုပိုသာသာလေးပြောနေတာပါ။ ဟိုတစ်လောက သူအဝတ်မပါပဲထွက်လာတာကို ကျွန်တော်မြင်လိုက်လို့ ကျွန်တော့်ကိုရှောင်နေတာ။"
"ကျစ် နားညီးတယ်။ ကားပေါ်ကဆင်းတော့ ငါတို့ အပြင်သွားမလို့။"
"ဟုတ် ဟုတ်ကဲ့။"
ဟိုက်စမ်းနှင့်ဝမ်းနင်ကို မောင်းချပြီး သူတို့နှစ်ယောက်ကားလေးထွက်လာခဲ့
သည်။