"မင်းလက်ထပ်လိုက်တယ်ဆိုတာ လိုင်းပေါ်မှာတွေ့မှ သိရတယ်ကွာ ဖိတ်တောင်မဖိတ်ဘူး။"
"ဒါကအကြောင်းရှိတယ်ကွ ငါနောက်မှ ပြောပြမယ်။ အဲ့ဒီအစား ငါမင်းတို့ကို ဒီညပြုစုမယ်ဟုတ်ပလား။"
"ရပါတယ်။ ငါတို့က မင်းစိမ်းကားနေတယ်ဆိုပြီးစိတ်မကောင်းဖြစ်နေတာ။ "
ရှောင်းကျန့် သူငယ်ချင်းတွေက China ထိတကူးတက ရှောင်းကျန့်ကို လာတွေ့ကြတာဖြစ်သည်။ ဖိတ်စာမလာ အကြောင်းမကြားပဲ မင်္ဂလာဆောင်ပြီးပြီဆိုတဲ့ အသိက သူတို့ကို ရှော့ရသွားစေ၏။
"ကြိုက်သလောက်မှာနော်။"
"အေးပါ။ ဒါနဲ့ မင်းရဲ့တပည့် ဟိုတစ်ယောက်က တစ်မျိုးပဲ။"
"ဘယ်သူလဲ။"
"ဝမ်းနင်လေ။ ငါတို့ကမင်း လက်ထပ်တဲ့သတင်းတွေ့လို့ မေးတာကို မကြည်သလိုနဲ့ကြည့်တယ်။ ပြီးတော့ဘာမှမပြောဘူး။"
"တောက်! ဒီကောင်ခုတစ်လော စောက်ချိုးပြောင်းနေတာ။ နေပစေဦး။ "
"ဘယ်လိုအချိုးပြောင်းတာလဲ။ သတိထားဦးနော်။ လူမိုက်တွေနဲ့အလုပ်လုပ်တာ မလွယ်ဘူး။"
" နှုတ်သီးပါ ဖြတ်ချိုးထားလိုက်မှာ"
"ဟုတ်ပါပြီ။ ဒါနဲ့ မင်းက Top မလား။"
သူငယ်ချင်း၏အပြောကြောင့် ရှောင်းကျန့်က ပြုံးစိစိဖြစ်သွားပြီး
"အင်း။ "
"ဒါပေမယ့် ငါ Mr Wang အကြောင်းသိတယ်။ သူလည်း B ပုံမပေါက်ဘူး။"
"အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။"
ရှောင်းကျန့် အပြောကို သူ့သူငယ်ချင်းက သိပ်လက်ခံချင်ပုံမရပဲ
"တစ်ကယ်တော့ မင်းကလှတာ။"
ရှောင်းကျန့် ဆက်မပြောတော့ပဲ အရှေ့က ဝီစကီတွေကို မော့ချလိုက်သည်။
"ပြီးရင် ငါ့ Hotel ကိုလိုက်ပို့ပေးမယ်။"
ရှောင်းကျန့် သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်လာပြီးနောက်
"ခန ငါ့ဇနီးလေးအတွက်ဝယ်စရာရှိတယ်။"
ရှောင်းကျန့်က စတိုးဆိုင်ထဲဝင်ပြီး ချစ်ရည်လူးရင်သုံးတဲ့ အကာကွယ်ပစ္စည်းတွေဝင်ဝယ်လိုက်သည်။