Part-13

1.4K 127 7
                                    

ရှောင်းကျန့်ညစာကိုအေးအေး လှူလှူစားပြီး ဝီစကီသောက်နေကြအစား ကော်ဖီကိုဇိမ်ခံသောက်နေလိုက်သည်။ အိမ်ကအလုပ်သမားတွေအတွက် ဧည့်ခန်းမှာ ခြေထောက်ကိုခြိတ်ထိုင်ပြီး မျက်နှာက ကျေကျေနပ်နပ် ပြုံးတုံ့တုံ့နှင့် ကော်ဖီထိုင်သောက်နေသည့် ရှောင်းကျန့်ဟာ မြင်ဖူးသမျှ ဒီည ပထမဆုံး ကြည်လင်ကြည့်ကောင်းနေတာဖြစ်သည်။

ရှောင်းကျန့်ကော်ဖီကို တစိမ့်စိမ့်သောက်ရင်း နာရီကိုကြည့်လိုက်ရာ ၁၀ နာရီ။ ရိပေါ်ပြန်မလာသေး‌ ပေ။ အဲ့ဒီမှာ သူ့ကျေနပ်နေတဲ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားသည်။

"ငါ့ကို ကော်ဖီနောက်တစ်ခွက်  ။  

ယူလာပေး။"

"ဟုတ်ကဲ့"

ဒီတစ်ခါတော့ နာရီကို‌စေ့စေ့ကြည့်ရင်း ကော်ဖီကိုတစိမ့်စိမ့်သောက်နေပြန်သည်။ မျက်နှာကတော့ ခုနကလို ဝင်းလက်မနေတော့။

"ဒင် ဒင် ဒင် "

မနက်သုံးနာရီထိုးသည့်တိုင် ထိုနေရာမှ ရှောင်းကျန့် မထသေး။ ရိပေါ်၏ဖုန်းကိုဆက်တော့ ဖုန်းကအိမ်မှာထားခဲ့သည်။ ထိုစဉ် ဖုန်းဝင်လာရာ သူအသစ် ခန့်ထားတဲ့ သူ့အတွင်းရေးမှူးလေး ဟိုက်စန်းဖြစ်နေသည်။

"ကျစ် ဒီကောင် စောစောစီးစီး ဘာဖြစ်ပြန်ပြီလဲ။"

" Boss သတင်းထူးတတ်နေတယ်။ "

"မင်းဒီချိန်ထိ ဂိမ်း‌ ဆော့နေတုန်းလား။"

"မ မဟုတ်ပါဘူး။ တစ်ရေးနိုး ကြည့်လိုက်မိတာ ချောင်မိသားစုနဲ့ပတ်သတ်တာမို့ ပါ။ လုပ်ကြံခံရတယ်ဆိုလား။"

"ဘာ!"

ရှောင်းကျန့်သတင်းကိုအမြန်ဖွင့်ကြည့်တော့ breaking news ဆိုတာက ကြည့်ရှူသူအမြောက်များဖြစ်နေသည်။ ထိတ်လန့်ဖွယ်ရာအဖြစ်ပျက်ကြီးက လူထုကြီးကိုတုန်လှုပ်စေသည်။ ရဲမှူးကြီးချောင်၏ သားငယ် အရေးပေါ်ခန်းမှာ အသက်လုနေရသည်တဲ့။

"ရိ ရိပေါ်..."

ရိပေါ်လုပ်တယ်ဆိုတာ 100% သေချာသည်။ ဒါဆိုရိပေါ်တစ်ယောက် ‌သေချာပေါက် အဖမ်းခံရမှာ။ အဲ့လောက်လုပ်လိမ့်မယ်မထင်ခဲ့ဘူး။ သူမှားတာ သူရိပေါ်ကို သွားမစမ်းခဲ့သင့်ဘူး။

ပြိုင်ဘက် ( Completed )Where stories live. Discover now