Chapter 60 Arc 4 End.

451 41 0
                                    

🦊Chapter 60
Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး
4.17 – (ခေါင်းစဉ်ကို တမင်သက်သက် ဝှက်ထားပြီး အောက်ခြေမှတ်စုမှာ ဖော်ပြထားသည်။)

ဇာ့ခ်များကို သုတ်သင်ရှင်းလင်းခြင်းဆိုသည်မှာ ပြောရန် လွယ်ကူသော်လည်း လက်တွေ့၌ လိုအပ်မည့် ခက်ခဲမှုအဆင့်ကို မည်သူမျှ လျစ်လျူရှုမထားနိုင်ကြပေ။

လက်ရှိအင်ပါယာက လွန်ခဲ့သောနှစ်ပေါင်း ခုနစ်ရာခန့်က တိုးတက်ထွန်းကားခဲ့သည့် အင်ပါယာနှင့် မတူတော့ပေ။ အင်ပါယာ၏ အာဏာအပြည့်အ၀ကို ပိုင်ဆိုင်ရရှိနိုင်ရန် အော်ဂတ်စတင်း အချိန်အနည်းငယ်ပေးခဲ့ပြီး သူ့နာမည်က ကြယ်တာရာများအားလုံးကြား တစ်ဖန်ပျံ့နှံ့သွားပြီး ထိုသို့ပျံ့နှံ့သွားရန်လည်း လိုအပ်သည်။

မူလက ဤကမ္ဘာပေါ်တွင် လိင်အမျိုးအစား အများအပြားမရှိခဲ့ပေ။ လွန်ခဲ့သောနှစ်ပေါင်း ခုနစ်ရာခန့် ဇာ့ခ်များ ပေါ်ပေါက်လာပြီး လူသားမျိုးနွယ်အား တမင်သက်သက် သုတ်သင်ရှင်းလင်းခဲ့သည့်အချိန်မှသာ လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုအန္တရာယ်ကို ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် သိပ္ပံပညာရှင်လူတစ်စုက လူသားများ ဆင့်ကဲပြောင်းလဲခြင်းနည်းလမ်းသစ်ကို တီထွင်ခဲ့ကြသည်။ ကလေး အများအပြားကို ဓာတ်ခွဲခန်းထဲသို့ ခေါ်ဆောင်ကာ ပြင်ပကမ္ဘာမှ ခွဲထုတ်ထားပြီး မရေမတွက်နိုင်သော သေဆုံးမှုများနှင့် ထပ်ခါတလဲလဲ စမ်းသပ်မှုများကြောင့် သိပ္ပံပညာရှင်များနှင့် လူသားမျိုးနွယ်များရှေ့တွင် လူသားအမျိုးအစားသစ်တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ကနဦးတွင် လူသားများက သူတို့ကို လက်နက်အဖြစ်သာ အသုံးပြုခဲ့သော်လည်း မကြာမီတွင် အဆိုပါလူသားမျိုးစိတ်အသစ်များက ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လွန်းသောကြောင့် ထိတ်လန့်စပြုလာသည်။ ၎င်းတို့က မူလတွင် အရည်အသွေးနိမ့်သော ထုတ်ကုန်များအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး သူတို့တွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိသောကြောင့် ဓာတ်ခွဲခန်းရှိ သုတေသီများ၏ မျက်လုံးထဲတွင် ပြီးပြည်စုံမှုမရှိသည့် တည်ရှိမှုများကဲ့သို့ ဖြစ်လာခဲ့ကြသည်။ တကယ်တမ်း၌ သူတို့၏တွေးခေါ်နိုင်စွမ်းက သူတို့ကိုလေ့လာခဲ့သည့် သိပ္ပံပညာရှင်များထက်ပင် ပိုကောင်းနေပေသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now