🦊Arc 6 Data In love
Chapter 88
6.13 - အခု ရွှယ်လင့်မှာ အချိန်ရှိသွားပြီဆိုတော့ ပင်မကွန်ပျူတာကိုရှင်းဖို့ ပြင်ဆင်နေပြီတာဝန်အတွက် နောက်ဆုံး ရှင်းရမည့် ဘောစ့်က ပျော်တော်ဆက်အိမ်၏ ပိုင်ရှင်အမျိုးသမီးပင် ဖြစ်သည်။ သူမက ပျော်တော်ဆက်အိမ်၏ စွမ်းအားကြီးသော headlinerများကို ဆင့်ခေါ်နိုင်ပြီး ထိုသူတို့က ယခင်အဆင့်များမှ ပစ္စည်းများကိုသာ ပစ်ခတ်တိုက်ခိုက်တတ်သည့် မွန်းစတားအုပ်စုလေးများနှင့် မတူတော့ပေ။ ထို headliner များက ဥာဏ်ကောင်းပြီး သူတို့က melee တိုက်ကွက်များဖြင့် တိုက်ခိုက်နိုင်သည့်အပြင် ခုခံကာကွယ်နိုင်သည်။ သူတို့၏ HP ပမာဏက ဘောစ့်လောက်နီးနီး များသည်။ အဖွဲ့၏ ယခုလက်ရှိ တိုက်ခိုက်နိုင်နှုန်း အဆင့်ဖြင့်ပင် ထိုဘောစ့်ကို ရှင်းလင်းရန် အနည်းငယ် ခက်ခဲနေသေးသည်။
သို့သော် အသင်းထဲတွင် စွမ်းဆောင်နိုင်သော ကစားသမား တချို့ရှိသည်။ ဇာတ်လိုက် gong နှင့် ဇာတ်လိုက် shou အပြင် ရွှယ်လင်နှင့် စူးရွှမ့်ယန်တို့က အသင်း၏ အဓိက တိုက်ခိုက်သူ နှစ်ယောက်ပင်။ ထိုနှစ်ယောက်က သူတို့၏ စွမ်းရည်များကို အကြောင်းအမျိုးမျိုးကြောင့် ဖိနှိပ်ထိန်းချုပ်ထားခြင်းကြောင့်သာ ဘောစ့်က တိုက်ပွဲတွင် ချောမွေ့မနေခြင်းပင်။ သူတို့က တာဝန်ကို အဆုံးမသတ်ခင် နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းလိုက်သည်။
တာဝန်တွင် သေဆုံးခြင်းကြောင့် ကစားသမားများက အတွေ့အကြုံမဲ့သွားမည်သာ ဖြစ်ပြီး အဆင့်ကို မထိခိုက်စေပေ။ သူတို့ထဲမှ အနည်းစုက ခဏခဏမသေကြပေ။ ထို့ကြောင့် အဆင့်သတ်မှတ်ရာတွင် ပြောင်းလဲမှု များများစားစားမရှိ၍ အခြေခံအားဖြင့် အောင်မြင်သည်ဟု ယူဆနိုင်သည်။
တာဝန်အတောအတွင်းတွင် တိုက်ခိုက်၍ ရရှိခဲ့သော ပစ္စည်းကိရိယာအားလုံးက ထူးဆန်းကြသည်။ ဂေးအပြာစာအုပ်များပင် တွေ့ခဲ့ရပြီး ထိုကဲ့သို့ ပစ္စည်းအများစုကိုသာ တွေ့ခဲ့ရသည်။ တိုက်ခိုက်ရေးကိရိယာများလည်း မပါဘဲ ၎င်းတို့အားလုံးကလည်း supporter များအတွက်သာ သင့်တော်သည်။ အတော်အတန်ကောင်းမွန်သော ဓါးရှည်တစ်ချောင်းကို တွေ့ခဲ့ရပြီး မိုင်ထောင်ချီမနားတမ်း တစ်ယောက်တည်းသာ ၎င်းကို အသုံးပြုနိုင်သောကြောင့် သူ့ကို ပေးလိုက်သည်။