Chapter 79

240 28 0
                                    


🦊Chapter 79
Arc 6 Data in Love
6.4 – ငါ့နာမည်က ဟန်ဝူကျန်းပါ၊ ဒီနေ့ကစပြီး ငါက မင်းရဲ့ဆရာသခင် ဖြစ်လာမှာပါ...

အဓိကမြို့တော်သို့ ၀င်ရောက်ပြီးနောက် ရွှယ်လင်က  မြေပုံအတိုင်း ကစားသမားများ အလုပ်အကိုင်ရွေးချယ်နိုင်သည့် မှတ်ပုံတင်ရုံးခန်းဆီသို့ လိုက်သွားသည်။ အနာဂတ်တွင် ထိုနေရာက လူရှုပ်ထွေးနေမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ လူအနည်းငယ်သာရှိသည်။

NPCs နှင့်ကစားသမားများအား သူတို့ အသွင်အပြင်ပုံစံဖြင့် ခွဲခြားရန်မဖြစ်နိုင်ပေ။ ကစားသမားများက သူငယ်ချင်းဖြစ်နေကြလျှင် အခြားကစားသမားအမည်များကို သူတို့ဦးခေါင်းများပေါ်တွင် မြင်နိုင်ကာ အခြားကဏ္ဍများနှင့်ပတ်သက်၍ ကစားသမားများနှင့် NPC များအကြားခြားနားမှု အနည်းငယ်သာရှိသည်။ ကစားသမားများ ဂိမ်းထဲသို့ဝင်သောအခါ NPCs ဘက်က သူတို့အပြုအမူများတွင် ကွဲလွဲချက်များရှာဖွေတွေ့ရှိမည်ကို ခွင့်မပြုရန် ဂိမ်းစနစ်မှ အကြိမ်ပေါင်းများစွာသတိပေးသည်။ သို့မဟုတ်လျှင် သူတို့က NPC ကြောင့် သတ်ဖြတ်ခံရခြင်း သို့မဟုတ် အခြားထိုသို့ အလားတူကိစ္စများကဲ့သို့သော ဆိုးကျိုးများကို ခံစားကြရလိမ့်မည်။ NPC က မည်သို့ပင်ဖြစ်နေစေကာမူ သူတို့က ကစားသမားများထက် အခွင့်အရေးများ ပိုမိုရရှိပြီး ကစားသမားတစ်ဦးအား သတ်ဖြတ်ခြင်းမှာလည်း လျင်မြန်ပြီး ရိုးရှင်းသည့်ကိစ္စဖြစ်သည်။
[ NPC - အပြင်လောကမှ ထိန်းချုပ်ထားသောကစားသမား မရှိသည့် non-player character ]

ထို NPC များကို ဤကမ္ဘာမှ မူလနေထိုင်သူများအဖြစ် သတ်မှတ်နိုင်သည်။ သူတို့အတွက်မူ ကစားသမားများအားလုံးက နိုင်ငံခြားသားများသာဖြစ်သည်။ လူသားမျိုးနွယ် ကစားသမားများက NPCs ၏ ဧည့်ဝတ်ကျေပွန်မှုကို အတွေ့အကြုံမရှိသေးသော ရွာထဲသို့စဝင်လာသည်နှင့် တွေ့ကြုံခံစားကြရလိမ့်မည်။ သို့သော် အကယ်၍ သူတို့က ကမ္ဘာ့ပြင်ပမှလာကြောင်း သိရှိသွားလျှင် NPCs များက ရန်လိုမှုကို စတင်ပြောင်းလဲလိမ့်မည်။ အကယ်၍ ကစားသမားတစ်ဦးက ဤကမ္ဘာကြီးနှင့် သက်ဆိုင်သကဲ့သို့ ပြုမူနိုင်ခြင်းမရှိပါက NPCs များက သူ့အပေါ်ထားရှိသော ချစ်ကြည်ရေးဆုံးရှုံးသွားမည်ဖြစ်ကာ နောက်ဆုံးတွင် ထိုကစားသမားက တာဝန်များကို ဖြည့်ဆည်းလုပ်ဆောင်နိုင်မည်မဟုတ်တော့ပေ။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now