🦊Chapter 73
Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း
5.13 - ဒီလိုလူက ဥာဏ်ပညာကြီးမားတဲ့ အုပ်ချုပ်သူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."ကျွန်မတို့ကြားမှာ မကျေနပ်ချက်တွေလည်း မရှိပါဘူး..."
ဝမ်ရမ်ယင်းယွဲ့ သူမပါးစပ်ထဲမှ သွေးတစ်လုတ််ကို ပြန်မျိုချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ဘာလို့ အရှင်မင်းသမီးက ကျွန်မအတွက် ခက်ခဲအောင် လုပ်နေရတာလဲ...""ခက်ခဲအောင် လုပ်တယ်တဲ့လား..."
ရွှယ်လင် သူ့ခေါင်းကို ဖြူစင်နေသည့် ပုံစံလေးဖြင့် ယိမ်းလိုက်ပြီး လောကကြီးအကြောင်း ဘာမှ နားမလည်သော မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ပီပြင်အောင် သရုပ်ဆောင်နေလေသည်မှာ အဖြူရောင် ကြာပန်းများ အလယ်တွင်တည်ရှိနေသော ကြာပန်းလေးကဲ့သို့ ဖြစ်နေသည်။ ထိုကဲ့သို့ ပုံစံမျိုးက အမျိုးသမီးဇာတ်လိုက်၏ ခြေဖဝါးအောက်တွင် သေသည်အထိ နင်းချေခံရမည့်ဖြစ်ပြီး ပရိတ်သတ်ကလည်း ၎င်းကို အားပေးလက်ခုပ်တီးမည်ဖြစ်သည်။" ကျွန်မက မင်းသမီးမင်ယွဲ့ကို ဘယ်မှာ ခက်ခဲအောင် လုပ်လို့လဲ... မင်းသမီးက ငယ်တော့တာလည်း မဟုတ်တော့ဘူး အစ်ကိုတော်ဧကရာဇ်က အရင်က ဒီအကြောင်းကို တွေးခဲ့တာ မဟုတ်ဘူး အဲ့တော့ မင်းအတွက် ထိမ်းမြားဖို့ မစီစဥ်ခဲ့ဘူး... အခု သူက မင်းသမီးအတွက် ဒီလို အမျိုးသားကို ရွေးချယ်ပေးခဲ့တာဆိုတော့ မင်းသမီးက ပျော်နေသင့်တာလေ..."
"တော်ဝင်မင်းသမီး ပြောသလိုဆို မဟာမိတ်အတွက် ထိန်းမြားဖို့ အဝေးကို အပို့ခံလိုက်ရတာက ကောင်းတဲ့ အရာလား..."
"သာမန်လူတွေအတွက်တော့ အဆုံးမရှိတဲ့ ကောင်းကင်ဘုံကို တက်လှမ်းနေသလိုပဲပေါ့... တော်ဝင်မိသားစုက မင်းသမီးတွေရဲ့ အားနည်းတဲ့ပုံစံနဲ့ဆိုရင် ထိန်းမြားဖို့သွားတဲ့လမ်းမှာတင် သေသွားမယ်ထင်တယ်... ဒါပေမဲ့ မင်းသမီးမင်ယွဲ့ဆိုရင်တော့ ထူးခြားတယ်လေ..."
ရွှယ်လင်က ပါးပေါ်လက်ထောက်ကာ သူမကို မြှောက်ပင့်ပြောဆိုနေလေသည်။ သူ့ပုံစံက သာမန်သာ ဖြစ်သော်လည်း အသံက အလွန်လေးနက်နေလေသည်။
" မင်းသမီးမင်းယွဲ့က ဆိုးဝါးနေတဲ့ လေထုကိုတောင် သက်တောင့်သက်သာ ရှိအောင် လုပ်ပေးနိုင်တယ်လေ... ကျွန်မ မင်းသမီးအတွက် ရွေးပေးထားတဲ့ အိမ်ထောင်ရေးက မင်းသမီးရဲ့ အရည်အချင်းနဲ့ဆို အကိုက်ညီဆုံး မဟုတ်ဘူးလား..."