🦊Arc 6 Data in Love
Chapter 81
6.6 - စူးရွှမ့်ယန်တဲ့လား... သူကဘယ်သူလဲ...ဂိုဏ်းသားအသစ်ရွေးချယ်ရန် ပြင်ဆင်နေမှုမှာ ယခုဆိုလျှင် တစ်လခွဲခန့်ရှိခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ကစားသမားများ အတွေ့အကြုံမရှိသောရွာမှထွက်ခွာရန် လုံလောက်သောအချိန်ဖြစ်ပြီး ၎င်းတို့၏ကျွမ်းကျင်မှုအရ ဝင်ရောက်လိုသည့်ဂိုဏ်းကိုကောင်းကောင်းနားလည်သွားကြလောက်ပြီ
အတွေ့အကြုံမရှိသောရွာတွင် တွေ့ကြုံခဲ့ရမှုများအပြီး ကစားသမားများက ကျို့ကျိုး၏စည်းမျဉ်းနှင့် ရင်းနှီးမှုရှိလာခဲ့ကာ NPC နှင့် အခြားသောအရာများနှင့်လည်း လိုက်လျောညီထွေ ဖြစ်လာခဲ့ကြလေသည်။ သူတို့အား
လုံးက အခြားသူများ သူတို့၏အကျင့်စရိုက်များအတွင်းမှပြစ်ချက်အနည်းငယ်မျှကိုပင် ရှာမတွေ့နိုင်စေရန် ဇာတ်ကောင်နှင့်တသားတည်းဖြစ်သည်အထိ သရုပ်ဆောင်နေကြရ၏။ သူတို့ ဂိမ်းထဲတွင် ပို၍အဆင်ပြေလာကြသည့်အခါ ဂိမ်းကမ္ဘာသည်လည်း ပို၍လှုပ်ရှားသက်
ဝင်လာခဲ့သည်။ ကစားသမားအဆင့်များ ထွက်လာသည်နှင့် အဆင့်အလိုက် လက်နက်၊ ပိုက်ဆံကဲ့သို့သော ပစ္စည်းများကို စာရင်းပြုစုရသည်။ အဆင့်များစွာရှိပြီး လူသားမျိုးနွယ်၏ အာရုံစိုက်မှုအရဆုံး ကစားသမားကို "မိုင်ထောင်ချီမနားတမ်း" ဟူသောအမည်ဖြင့် သိရှိထားကြသည်။ဒုတိယမြောက်နေရာတွင်မူ နတ်ဆိုးမျိုးနွယ်မှ ရွှယ်လင်အမည်ရှိ အရှင်သခင်ဖြစ်ပြီး "မိုင်ထောင်ချီမနားတမ်း" နှင့်အဆင့်တူပင်ဖြစ်သည်။ အကြောင်းမှာ သူ့အောက်မှလူ၏အမည်မှ အနောက်ဘက်ရှိစာလုံးသည်ကား အနောက်ဟုအဓိပ္ပါယ်ရနေသောကြောင့်ပင်။
အမှန်ပင်။ ဤတကြိမ်တွင် ရွှယ်လင်က မူလအချက်အလက်များထဲကအတိုင်း ကော်ပီမယူဘဲ သူ့ကိုယ်သူ 'နှင်းမြေခွေး' ဟူ၍ တိုက်ရိုက်သတ်မှတ်လိုက်သည်။ အထပ်ထပ်ပြန်စဉ်းစားလိုက်သည့်အခါ သူခေါ်လာ
သည့်အမည်တိုင်းက ထူးဆန်းနေခဲ့သောကြောင့် သူ၏မူရင်းအမည်ကို မည်သူကမှမသိနိုင်မည့် အမည်မျိုးပေးလိုက်သည်။ဤဂိုဏ်းမှ ဂိုဏ်းသားရွေးချယ်မှုတွင် တတိယမြောက်အာရုံအစိုက်ခံရသူမှာ "အဆုံးစွန်စိတ်ပျက်မှု" အမည်ရှိ အရှင်သခင်ကြီးပင်။ ထိုသူက ဓားတစ်သောင်းဂိုဏ်းကို ရွေးချယ်ခဲ့သော်လည်း ဦးစားပေးရွေးချယ်ခွင့်
ရသည့်တစ်ခုတည်းသောအခွင့်အရေးကို ရွှယ်လင်ကယူသွားပြီဖြစ်သောကြောင့် ဂိုဏ်းသားအသစ်ရွေးချယ်ပွဲတွင်သာ ပါဝင်ခွင့်ရတော့၏။ အနာဂတ်တွင် ထိုသူက ဓားတစ်သောင်းဂိုဏ်း၏ စီနီယာတပည့်တစ်ယောက်ဖြစ်လာမည်ဖြစ်ကာ သူ၏လောကသိအမည်မှာ ယွမ်ချွမ်ဖြစ်
လာပေမည်။