Chapter 61 Arc 5

456 45 0
                                    

🦊Chapter 61
Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း
5.1 – သူ့မှာ သူသဘောကျရတဲ့ တစ်စုံတစ်ယောက် ရှိပြီးသားလား

သူမက မွေးဖွားလာစဥ်တည်းက အလွန်လှပပေသည်။ သူမ၏မျက်ခုံးများ အနည်းငယ်ကျုံ့သွားပြီး မျက်လုံးများကို ပင့်ကာ သူ့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမ၏ရဲရဲနီနေသော နှုတ်ခမ်းလေးများက ပွင့်ဟလာသည်။
"ပြောလို့ပြီးပြီဆိုရင် ထွက်သွားတော့..."

ကျန့်ရှောက်ရှီး အစပိုင်းတွင် ရှုပ်ထွေးသွားသော်လည်း နောက်ပိုင်း သူ့အမူအရာက အရုပ်ဆိုးသွားခဲ့သည်။

သူ၏မင်္ဂလာဦးညတွင် အသစ်စက်စက်ဇနီးလေးက သူ့ကို ထွက်သွားရန်သာ ပြောနေသည်။ ဂုဏ်သတင်းကျော်ကြားသည့် တော်ဝင်မင်းသမီးဖြစ်နေလျှင်ပင် ကျန့်ရှောက်ရှီး သူ့မကို အလွယ်တကူ လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

"ဒီမင်းသမီးက ရှင့်ကို လက်ထပ်ခဲ့တာက အာဏာကို အလွဲသုံးစားလုပ်ပြီး ပုန်ကန်မှာကို စောင့်ကြည့်ပြီး ထိန်းညှိပေးဖို့ဆိုတာ ရှင်လည်း သိပါတယ်... ဒါကြောင့် ဒီမင်းသမီး ဘယ်လိုပြုမူရမယ်ဆိုတာ ရှင် သင်ပေးစရာမလိုတဲ့ကြောင်းကိုလည်း သိထားသင့်တယ်... ဒါကြောင့် ပြောပြီးသွားရင် ဝေးဝေးသွားတော့..."
သူမ သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

ကျန့်ရှောက်ရှီး လှောင်ရယ်ကာ အရှင်မင်းသမီးက ရယ်စရာကောင်းသည်ဟု ထင်သွားခဲ့သည်။
"အရှင်မင်းသမီးက မင်္ဂလာဦးညမှာ မင်္ဂလာအခန်းထဲကနေ ကျွန်တော်မျိုးကို ထွက်သွားခိုင်းနေတာလား..."

မင်းသမီးက သူ့ကို ဂရုမစိုက်သည့် အမူအရာနှင့် ကြည့်နေဆဲပင်။ စက္ကန့်အနည်းငယ်ကြာအောင် သူ့ကို စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ထလာသည်။
"ရှင် မသွားရင် ကျွန်မ သွားမယ်..."

သူမက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး ထူးချွန်သော ပန်းချီဆရာတစ်ဦးပင် သူမ၏အလှကို ယခုအချိန်တွင် ဖမ်းစားရေးခြယ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ သူမက ဦးခေါင်းအဆင်တန်ဆာကို မြေပြင်ပေါ်သို့ ပစ်ချကာ ကမ္ဘာကြီးနှင့် လိုက်လျောညီထွေမရှိပုံရသည့် ထိုမျက်လုံးများက ကျန့်ရှောက်ရှီး၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now