🦊Arc 6 Data In love
Chapter 85
6.10 - ဒါဆို သူ ငါ့ကို လာသတ်တော့မှာလား...နံရံတွင် အဖိကပ်ခံထားရသော်လည်း ရွှယ်လင်၏ အမူအရာက မပြောင်းလဲပေ။ သူ စူးရွှမ့်ယန်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်ကာ မေးလိုက်သည်။
" ငါက ကြီးမြတ်တဲ့ နတ်ဘုရားစုကို ဘယ်လို အနှောင့်အယှက်ဖြစ်အောင်များ လုပ်မိလို့လဲ..."စူးရွှမ့်ယန်က တစ်စုံတစ်ရာကို ရှာနေသလို သူ့ မျက်လုံးများကို စိုက်ကြည့်နေလေသည်။ သို့သော် သူ့ မျက်လုံးများက ဖန်ကဲ့သို့ကြည်လင်နေပြီး သူ့မျက်နှာက ရွှယ်လင်၏ မျက်လုံးထဲတွင် အရိပ်ထင်နေလေသည်။
"မိုင်ထောင်ချီမနားတမ်း လို့ ခေါ်တဲ့လူကို မင်းစိတ်ဝင်စားတယ်ပေါ့..."
ဤမေးခွန်းက မည်သည့်နေရာက ရောက်လာမှန်း မသိပေ။ရွှယ်လင်က မည်သည့်အခါကမှ ဂိမ်းတွင် အလွန် စိတ်ဝင်စားပုံ မပြခဲ့ပေ။ သူ့ထက် အဆင့်မြင့်သော မွန်းစတားများကို သူ အဆင့်တက်ရန်အတွက် သတ်ဖြတ်ခဲ့လေသည်။ ၎င်းက သူ၏ စွမ်းအားများကို တိုးတက်စေမည့် အဓိပ္ပာယ်သာ ဖြစ်သည့်အပြင် သတိထားခံရခြင်းမှ ရှောင်ရှားရန်လည်း ဖြစ်သည်။ ရွှယ်လင် ဤဂိမ်းထဲသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ သူ့ကြောင့် သို့မဟုတ် ပင်မကွန်ပျူတာကြောင့်ဟု ထင်ခဲ့သည်။ သို့သော် သူ၏ ခန့်မှန်းချက်သည် မှားယွင်းသွားပုံပင်။ ရွှယ်လင်၏ အဓိကပစ်မှတ်မှာ မိုင်ထောင်ချီမနားတမ်း ဟုခေါ်သည့် ယောင်္ကျားဖြစ်နေသည်။
ရွှယ်လင် သူ့ မျက်လုံးကို လှိမ့်လိုက်ချင်သော်လည်း သည်းခံလိုက်လေသည်။ သူ လက်လှမ်းကာ စူးရွှမ့်ယန်၏ ပခုံးကို ပုတ်လိုက်ပြီး မေးလိုက်သည်။
" မင်း ဘယ်လိုလုပ် အဲ့လို ကောက်ချက်ချရတာလဲ...""သူတို့နဲ့ ရေရှည် ပူးပေါင်းဖို့ မပြောနဲ့ ဖြစ်စဥ်တွေမှာ ပါဖို့ဆိုတာက မင်းရဲ့ပုံစံ မဟုတ်ဘူး..."
စူးရွှမ့်ယန် မျက်မှောင်ကြုတ်လိုက်လေသည်။ သူ ပိုကြည့်လေလေ တစ်ဖက်လူ၏ ဂရုမစိုက်သော အကြည့်များကြောင့် ပို၍ မကျေမနပ် ဖြစ်လာလေလေပင်။ငါ တစ်ယောက်တည်းပဲ အဲ့လူရဲ့ မျက်လုံးထဲမှာ ရှိနေသင့်တာလေ...