Chapter 58

454 57 0
                                    

🦊Chapter 58
Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး
4.15 - သူ ဆန္ဒရှိသ၍ လူတိုင်းကို သူ့အတွက် ရူးအောင် လုပ်နိုင်တယ်

ဖယ်ရိုမုန်းရနံ့များက အခန်းထဲတွင် ပြည့်နှက်သွားလေသည်။ ရွှယ်လင်က အော်ဂတ်စတင်း၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူ၏ ကိုယ်ပေါ်တွင် မှီနေရင်း ရင်ဘတ်ကို ပွတ်သပ်ကာ မေးလိုက်သည်။
" ဘယ်လိုဖြစ်ပြီး အမြန်ရောက်လာတာလဲ..."

အော်ဂတ်စတင်းက မတုံ့ပြန်ပေ။ ထိုအစား သူ ရွှယ်လင်၏ ခန္ဓာကိုယ်ကို အိပ်ယာပေါ်သို့ချပေးလိုက်ကာ သူ၏ အဝတ်များကိုချွတ်ပြီး ဘေးသို့ ပစ်လိုက်လေသည်။

ရွှယ်လင်က အိုမီဂါတစ်ယောက်အတွက် ထူးခြားသော ခန္ဓာကိုယ် ရှိနေသော်လည်း အလွန်သန်မာနေခြင်း မဟုတ်ပေ။ သူက အရွယ်မရောက်သေးသောကြောင့် ဆန့်ကျင်ဘက်အနေဖြင့် သူ၏ တစ်ကိုယ်လုံးက သေးသွယ်ကျစ်လစ်နေသည်။ ပုံမှန်ရက်များတွင် သူက ရင်ကော့ခေါင်းမော့ကာ တိကျပြတ်သားစွာ လမ်းလျှောက်တတ်သောကြောင့်  ယခုထက်ပို၍ ခန္ဓာကိုယ်က တောင့်တင်းနေပုံ ပေါ်သော်လည်း ယခု အော်ဂတ်စတင်း၏ အောက်တွင် ဖိထားခံရသောအခါ သူ၏ ခန္ဓာကိုယ်က သေးငယ်နေကြောင်း နားလည်လိုက်သည်။

ယခင်ဘဝမှ ပိုင်ယွဲ့၏ ခန္ဓာကိုယ်က အလွန် မဆိုးခဲ့ပေ။ သို့သော် ရွှယ်လင်က ယခု ခန္ဓာကိုယ်ကိုပြုပြင်ရန် မျှော်လင့်ချက် မဲ့နေသည်။

ရွှယ်လင်က သာမန်ဝတ်စုံကိုသာ ဝတ်ထားသော်လည်း တော်ဝင်လူများသာဝတ်လျှင် ပိုသင့်တော်သော အထူး အဝတ်အစားဖြစ်သောကြောင့် သူ့ပုံစံက ပို၍ တော်ဝင်ဆန်နေသည်။ ၎င်းက နူးညံ့ကာ ချောကျိကျိအသား ဖြစ်သောကြောင် ဝတ်ရန် ယလွယ်ကူသလို ချွတ်ရန်လည်း လွယ်ကူလေသည်။

သူ၏ ခန္ဓာကိုယ်က heatကြောင့် ပို၍ အထိမခံနိုင် ဖြစ်နေသော၍ ရွှယ်လင် သူ့ကိုယ်ပေါ်မှလူကို ပွေ့ဖက်ကာ တွယ်တက်ချင်နေသော စိတ်လှုံ့ဆော်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။ သို့သော် ကံကောင်းစွာဖြင့် သူ့တွင် ထိန်းချုပ်နိုင်သော ဆင်ခြင်တုံတရား အနည်းငယ် ကျန်နေသေးသည်။ ထိုသို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ် အခြေအနေက ယခု ဖြစ်နေသည်ထက် ပိုကောင်းနေလျှင်ပင် အော်ဂတ်စတင်း၏ နည်းလမ်းများကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now