သာယာတဲ့မနက်ခင်းတစ်ခုပင်ဖြစ်လိမ့်မည် လှပတဲ့ကောင်းကင်ကြီးနဲ့တိမ်စိုင်လေးတွေအောက်မှာနွေဦးတိမ်စိုင်ဆိုတဲ့ကောင်ငယ်လေးဟာညအခါလိုနက်မှောင်နေတဲ့ကေသာလေးနဲ့အတော်ကြည့်လို့ကောင်းနေတာအမှန်ပင်
“သားနွေဦး ညဉ့်နက်နေပြီအိပ်တော့လေကွယ် မနက်ကြရင်လဲအစောကြီးထပြီးခရီးသွားရအုံးမယ်မလား”
“သားခနနေရင်အိပ်တော့မှာပါ”
“အေးပါ မေမေလဲသွားအိပ်တော့မယ်”
မနက်ခင်းကိုရောက်ရှိလာခဲ့ပါပြီ နွေဦးကတော့သူအရမ်းသွားချင်နေတဲ့ကျေးလက်ခရီးကိုသွားရတော့မှာဆိုတော့တက်ကြွလေရဲ့။
“သား ဟိုရောက်ရင်မေမေတို့ကိုဖုန်းဆက်နော် ပြီးတော့ဒေါ်ကြီးတုတ်တို့အိမ်မှာပဲတည်းနော်”
“ဟုတ်ကဲ့ပါမေမေရယ် အဲ့တာဆိုသားသွားတော့မယ်နော်”
“ကောင်းပါပီကွယ်”
ရန်ကုန်ကနေကားတစ်စီးငှားထွက်ခဲ့ပြီးလမ်းတစ်လျှောက်မြင်ရတဲ့လယ်ကွင်းတွေနဲ့ထန်းပင်ထန်းတောတွေကနွေဦးအတွက်တော့အဖိုးမဖြတ်နိုင်တဲ့မြင်ကွင်းပင်။ ညနေ၃နာရီလောက်မှာတော့ဒေါ်ကြီးတုတ်တို့ရွာဖြစ်တဲ့ထန်းခြောက်ပင်ရွာထိပ်ကိုရောက်လာခဲ့ပါတယ်
“အားတော့နာပါရဲ့ကောင်လေးရယ် ရွာလမ်းကကြမ်းတော့ကားနဲ့ဝင်ဖို့မဖြစ်နိုင်တော့ဘူး ဒီကနေဆိုရွာထဲကိုတော့သိပ်မဝေးတော့ပါဘူးကောင်လေးဒီတိုင်းခြေလျင်သွားလိုက်လို့အဆင်ပြေရဲ့လား”
“ဟုတ် ကျွန်တော်ဒီတိုင်းလမ်းလျှောက်ပြီးပဲသွားလိုက်တော့မယ်ဗျ ဒီမှာကားခလေး ပြန်မအမ်းနဲ့တော့ဦးလေး”
“ကျေးဇူးပါကောင်လေးရေ အဲ့တာဆိုဦးလေးသွားပြီနော်”
“ဟုတ်ဦးလေး”
ကားသမားကြီးကကားကိုမောင်းပြီးထွက်သွားခဲ့သည်။နွေဦးကတော့ရွာထိပ်မှာ၅မိနစ်လောက်နားနေပြီးရွာထဲဝင်ဖို့လုပ်လိုက်သည်။
“ဟူးးးးးနေကလဲပူလိုက်တာ ငါ့အသားတွေတော့မဲပါပြီကွာ အားတင်းထားနွေဦးတိမ်စိုင်ရေရွာထဲရောက်တော့မှာပါ”
YOU ARE READING
မောင့်ချစ်သည်း[Ongoing]
Romanceတောသားနဲ့မြို့သားအကြောင်းကိုအခြေခံပြီးရေးထားပါတယ် စိတ်ကူးယဉ်သက်သက်မို့ဒီဇာတ်လမ်းထဲမှာအသုံးပြုထားတဲ့ရွာတေကအပြင်မှာရှိချင်မှလဲရှိပါလိမ့်မယ် upကတော့တရက်ခြားတခါနှစ်ရက်ခြားတခါဖစ်နိုင်ပါတယ် ဒါပေမယ့်မအားတဲ့ရက်တွေဆိုရင်တော့upကပုံမှန်ထက်နောက်ကျပါမယ် အဲ့တာကြေ...