“သာဒွန်း..”
“အမိန့်ရှိပါသကြားသီး”
“ငါ လွန်သွားလား”
“အစမရှိအဆုံးမရှိ ဘာကိုပြောတာတုန်း”
“နွေဦးတိမ်စိုင်ကိုငါပြောဆိုလိုက်တာလွန်သွားလားလို့”
“လွန်တာပေါ့သကြားသီးရ”
“ဟေ့ကောင် မင်းငါ့ကိုရိုးရိုးခေါ်စမ်းပါဟ”
“ဟီး အကျင့်ပါသွားလို့ပါဗျ”
“ငါပြန်တောင်းပန်သင့်လား”
“ကျုပ်အထင်ပြောရရင်တော့ပြန်တောင်းပန်သင့်တာပေါ့ သူကကျုပ်တို့ရွာကိုအလည်လာတဲ့ဧည့်သည်လေ”
“ဒါပေမယ့်သူကငါ့ကိုစိတ်တိုအောင်လာဆွတာလေ ငါဒေါသမထွက်ချင်လို့သူ့ကိုအဲ့အကြောင်းကိုထပ်မမေးနဲ့လို့ပြောတာကိုသူကထပ်မေးနေတာကို”
“ဘာပဲဖြစ်ဖြစ်ပြန်တောင်းပန်လိုက်ပါဗျာ အကိုနွေဦးသနားပါတယ်ကိုကြီးသစ်ရိပ်ရဲ့”
“ဒါနဲ့ငါအခုမှစဉ်းစားမိတယ် သူကအဲ့အကြောင်းတွေဘယ်လိုသိသွားတာတုန်း”
“အဲ......”
“သာဒွန်း....”
“ခညာ”
“မင်းပြောလိုက်တာမလား”
“ဟီး အကိုနွေဦးကအတင်းမေးတော့ပြောလိုက်မိပါတယ်..”
“မင်းလေ...ခွပ်!!”
ပြောပြောဆိုဆိုနဲ့သစ်ရိပ်လက်သီးသည်သာဒွန်းမျက်နှာဆီတည့်တည့်ရောက်သွားလေ၏
“အီးဟီး နာတာသကြားသီးရယ် အဲ့လောက်ပဲထိုးရလားလို့”
“ထိုးမှာပဲ မင်းကဘာကိစ္စသူ့ကိုသွားပြောလဲ”
“သူကသိချင်တယ်ဆိုတာကို ကျုပ်လဲပြောမိတာပေါ့”
“မင်းကတော့လေ လုပ်ရင်နာတော့မယ်”
“လုပ်ပြီးနေပြီပဲကို”
“ကဲ တော်စမ်းပါ အဲ့ငိုမဲ့မဲ့မျက်နှာကြီးကိုပြင်လိုက် ပြီးရင်နွေဦးတိမ်စိုင်ဆီငါနဲ့လိုက်ခဲ့”
“ဘာလုပ်အောင်လိုက်ရမှာတုန်း”
“သူ့ကိုသွားတောင်းပန်မလို့လေ”
“ကိုယ့်ဟာကိုသွားပါလား”
“ဘာ!!!”
“ဟယ် လန့်ထာ လိုက်မယ်လိုက်မယ် ဒါပေမယ့်အခုချိန်ဆိုအကိုနွေဦးကရွာဦးဘုန်းကြီးကျောင်းမှာရှိလောက်တယ်”
“အဲ့ဆိုလဲအဲ့ကိုသွားမယ်”
နွေဦးရှိရာရွာဦးဘုန်းကြီးကျောင်းကိုသာဒွန်းခေါ်ပြီးလိုက်သွားသည်။နွေဦးကသစ်ရိပ်ကိုမြင်တော့တခြားနေရာကိုရှောင်ထွက်သွားခဲ့သည်
“ကိုကြီးသစ်ရိပ်လိုက်သွားလိုက်သွား”
“အာ..နွေဦးတိမ်စိုင်”
“ဟင်! ဘာ ဘာကိစ္စလဲ”
“မင်းလက်ကဒဏ်ရာသက်သာရဲ့လား”
“အင်း သက်သာပါတယ်”
“မင်းငါ့ကိုစိတ်ဆိုးနေတာလား”
“မဆိုးဘူး”
မဆိုးဘူးပြောနေပေမယ့်သစ်ရိပ်မျက်နှာကိုတည့်တည့်မကြည့်ပဲဘေးကိုသာလွှဲကြည့်နေသည့်နွေဦးမျက်နှာသည်စိတ်ဆိုးနေမှန်းအသိသာကြီးပင်
“ဟုတ်လို့လား မင်းငါ့ကိုစိတ်ဆိုးနေတာမလား”
“ဆိုးစရာဘာအကြောင်းရှိလို့တုန်း ငါကလဲသူများမကြိုက်တာကိုမှမေးမိတာကို”
“ကဲ ပြီးပြီးသားကိစ္စထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ်ငါတောင်းပန်ပါတယ်”
“အင်း”
“နွေဦး...”
“.....”
“ခများအရင်တခါပြောဖူးတယ်လေ ခများနဲ့သူငယ်ချင်းလုပ်မလားလို့”
“.....”
“တကယ်လို့ကျွန်တော်ခများနဲ့သူငယ်ချင်းလုပ်မယ်ဆိုရင်ရော”
“......”
“ခများကဗျာ စိတ်မဆိုးဘူးဆို စကားလေးတော့ပြန်ပြောအုံးလေဗျာ”
“အင်း ငါမင်းနဲ့သူငယ်ချင်းလုပ်မယ်”
“ခများတကယ်ကျုပ်ကိုစိတ်မဆိုးတော့ဘူးမလား”
“မဆိုးပါဘူး”
“ပြီးတာပဲ”
*****************
539𝐰𝐨𝐫𝐝𝐬
20.8.2024(8:50 𝐀𝐌)ဒီအပိုင်းတော်တော်တိုသွားလို့တောင်းပန်ပါတယ်ဗျာ ပီးတော့upတော်တော်နောက်ကျသွားတယ် အလုပ်တွေများနေတာရောdialoguesတွေစဉ်းစားမရတာရောကြောင့်ပါ ဒီအပိုင်းအတွက်တော့တကယ်တောင်းပန်ပါတယ်နော်
YOU ARE READING
မောင့်ချစ်သည်း[Ongoing]
Romanceတောသားနဲ့မြို့သားအကြောင်းကိုအခြေခံပြီးရေးထားပါတယ် စိတ်ကူးယဉ်သက်သက်မို့ဒီဇာတ်လမ်းထဲမှာအသုံးပြုထားတဲ့ရွာတေကအပြင်မှာရှိချင်မှလဲရှိပါလိမ့်မယ် upကတော့တရက်ခြားတခါနှစ်ရက်ခြားတခါဖစ်နိုင်ပါတယ် ဒါပေမယ့်မအားတဲ့ရက်တွေဆိုရင်တော့upကပုံမှန်ထက်နောက်ကျပါမယ် အဲ့တာကြေ...