“ဆရာသမားသာဒွန်း မနေ့ကလူမှန်းမသိသူမှန်းမသိတဲ့အထိမူးအောင်သောက်ရတဲ့အကြောင်းလေးသတော်ဦးတင်ပါဦး”
“ယောကျာ်းပဲဗျ အရက်သောက်တာဆန်းလို့လား”
“အရက်သောက်တာမဆန်းပေမယ့်မင်းကအခုလိုတခါမှမူးအောင်မသောက်ဖူးဘူးလေ”
“.......”
“ပြော ဘာဖြစ်လို့သောက်တာလဲ”
“သောက်ချင်လို့”
“သာဒွန်း”
“ဗျာ”
“မင်းကိုငါမေးနေတယ်လေ”
“ဖြေနေတယ်လေ သောက်ချင်လို့သောက်တာလို့”
“သာဒွန်း!”
“ ပြောမယ်ပြောမယ် ကိုကြီးသစ်ရိပ်ကလည်းစိတ်ကြီးပဲ”
“ပြော”
“ကျုပ်ကိုမိစုငြင်းလိုက်လို့”
“ဟမ် မိစု ဘယ်ကမိစုလဲ ရွာမြောက်ပိုင်းကဒေါ်စိန်ပွင့်သမီးစုပွင့်ကိုပြောတာလား”
“ဟုတ်တယ်”
ထိုအခါသစ်ရိပ်ကသာဒွန်းနားရင်းကိုပိတ်အုပ်ထည့်လိုက်သည်
“ငြင်းတာတောင်နည်းသေး တစ်သက်လုံးအပျိုကြီးလုပ်ပါမယ်လို့ကျွေးကြော်ထားတဲ့မိစုကိုမှသွားကြိုက်တော့ခံပေါ့”
“ကိုကြီးသစ်ရိပ်ကလဲ နည်းနည်းပါးပါးများစိတ်ပါပြီးပြန်ကြိုက်မလားလို့ပေါ့”
“တော်သေးတာပေါ့ အဖေနဲ့အမေကဟိုဘက်ရွာကိုညအိပ်သွားတာနဲ့တည့်တည့်တိုးလို့ မဟုတ်ရင်မင်းကတော့မလွယ်ဘူး”
“သူကြီးနဲ့ကြီးတော်ကိုပြန်မတိုင်နဲ့နော်ကိုကြီးသစ်ရိပ်”
“ငါကလဲတစ်ခါတစ်လေလေးကြောင့်ခွင့်လွှတ်ပေးလိုက်မယ်နော် နောက်တခါဆိုရင်တော့မင်းမလွယ်ဘူး”
“သိပါတယ်ဗျ ကျုပ်လဲနောက်တစ်ခါမသောက်တော့ပါဘူး”
“ပြီးတာပဲ ငါရွာထဲသွားလိုက်ဦးမယ်”
“ကျုပ်လဲလိုက်မယ်လေသကြားသီးကလဲ”
“မင်းကြီးတော်ကြီးသကြားသီး”
YOU ARE READING
မောင့်ချစ်သည်း[Ongoing]
Romanceတောသားနဲ့မြို့သားအကြောင်းကိုအခြေခံပြီးရေးထားပါတယ် စိတ်ကူးယဉ်သက်သက်မို့ဒီဇာတ်လမ်းထဲမှာအသုံးပြုထားတဲ့ရွာတေကအပြင်မှာရှိချင်မှလဲရှိပါလိမ့်မယ် upကတော့တရက်ခြားတခါနှစ်ရက်ခြားတခါဖစ်နိုင်ပါတယ် ဒါပေမယ့်မအားတဲ့ရက်တွေဆိုရင်တော့upကပုံမှန်ထက်နောက်ကျပါမယ် အဲ့တာကြေ...