Part 15

27 1 1
                                    

နောက်နေ့မနက်ကြတော့သက်လင်းခတစ်ယောက်နွေဦးတို့အိမ်လိုက်လာလေသည်။

“အန်တီ”

“‌အော် သားလာထိုင်လေ”

“ဟုတ်အန်တီ”

သက်လင်းခကိုမြင်တော့‌နွေဦးအမေမှာရင်ထဲမကောင်းဖြစ်သွားရသည်။

“သားဘာသောက်မလည်း”

“တော်ပါပြီအန်တီ ကျွန်တော်မသောက်တော့ဘူး ဒါနဲ့နွေဦးရော နွေဦးကိုလည်းမမြင်ပါလား”

“ဟို သား သားငယ်ကရွာကိုသွားတယ်သားရဲ့”

“ဗျာ ထန်းခြောက်ပင်ရွာကိုလားအန်တီ”

“ဟုတ်တယ် မနေ့ကမနက်ကသွားတာ”

“ကျွန်တော့်ကိုလည်းဘာမှမပြောသွားပါလား”

“ဟုတ်တယ်သားရယ် မင်းအစ်ကိုကအဲ့လိုပဲ သွားချင်တယ်ဆိုချက်ချင်းလေ”

“အော် ဟုတ်အန်တီ”

“သားကိုအန်တီမေးစရာတစ်ခုရှိတယ်”

“ဟုတ်မေးလေအန်တီ”

“သားအစ်ကိုနွေဦးမှာချစ်သူတွေဘာတွေရှိနေပြီလား”

“ဟို ကျွန်တော့်ကိုပြောတာတော့မရှိသေးဘူးတဲ့အန်တီ ဘာဖြစ်လို့လည်းဟင်”

“ဘာမှမဖြစ်ပါဘူးကွယ် သားငယ်ကရွာကပြန်ရောက်ထဲကငူတူတူငိုင်တိုင်တိုင်နဲ့အရင်လိုတက်တက်ကြွကြွမရှိတော့ရွာ‌ကနေရည်းစားတွေဘာတွေများရလာလို့လားလို့”

နွေဦးအမေကလူကြီးဆိုတော့သက်လင်းခကိုဒဲ့ကြီးမေးချလို့လည်းမဖြစ်တာကြောင့်ကွေ့ဝိုက်ပြီးသာပြောလိုက်ရသည်။

“ကျွန်တော်လည်းသေချာတော့မသိဘူးအန်တီရဲ့”

“အေးပါကွယ်”

“အဲ့တာဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်အန်တီ”

“အေးအေးသား နောက်လည်းလာလည်နော်”

“ဟုတ်အန်တီ”

******

“နွေဦး”

“ဟင်”

“ဒီကိုဘာလို့ပြန်လာတာလည်းဟင်”

“ဘာလို့လည်း ငါကပြန်လာလို့မရဘူးလား”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now