"သူကြီး ဟိုကောင်ငသစ်ရော"
"အိမ်နောက်ဖေးကမန်ကျည်းပင်အောက်မှာထိုင်နေလေရဲ့ မနက်အစောကြီးထဲကအဲ့သွားထိုင်နေတာ"
"ကျုပ်သွားလိုက်ဦးမယ်အဲ့ကောင်ဆီ"
"ကိုကြီးနောင် ဒီမှာကောက်ညှင်းပေါင်းလေးစားဦးလေ"
"မစားတော့ဘူး နင့်အစ်ကိုဆီသွားလိုက်ဦးမယ်"
ခန့်ဦးနောင်လိုက်သွားတော့သစ်ရိပ်ကမန်ကျည်းပင်အောက်မှာထိုင်ပြီးမှိုင်နေ၏။
"ဟေ့ကောင်ငသစ် ဒီမှာဘာထိုင်လုပ်နေတာလည်း ရွာထဲမသွားဘူးလား"
"မသွားဘူး"
"မင်းမျက်နှာကြီးကလည်းမျောက်အိုကြီးငှက်ပျောသီးမရတဲ့မျက်နှာနဲ့ အဲ့တာဘာဖြစ်နေတာလည်း"
"........"
"မှိုင်မနေနဲ့ မှိုင်နေလို့ဘာမှထူးမလာဘူး ငါနဲ့ရွာထဲလိုက်ခဲ့ ငါမြတ်သောသူဆီသွားမလို့"
"မင်းဟာမင်းသွားလေ"
"ဟာ လာစမ်းပါကွာမင်းကလည်း"
"မလိုက်ဘူးလို့ခန့်ဦးနောင်ရ"
"လာစမ်းပါ"
ခန့်ဦးနောင်အတင်းဆွဲခေါ်လို့သာပါလာတယ်သစ်ရိပ်ကတော့တက်တက်ကြွကြွမရှိ။
"စကားဝါ မြတ်သောသူဘယ်မှာလည်း"
"ရှိပါတယ် ကိုခန့်ဦးနောင်ရယ်"
"ဘာလုပ်အောင်လာတာလည်း"
"ကိုယ့်ရည်းစားလေးကိုလွမ်းလို့လာတွေ့တာလေ မလာရဘူးလား"
"မဟုတ်ပါဘူး ဒါနဲ့သူကဘာဖြစ်နေတာလည်း"
"ဘာမှမဖြစ်ဘူး အဲ့ကောင်အသည်းကွဲနေတာ"
"ီးကိုအသည်းကွဲရမှာလား"
"ဆဲတော့ဆဲနိုင်သေးတယ်နော် ငါ ိုးမသား"
"ဆဲတာပဲ ဘာခက်တာမှတ်လို့"
"မင်းခနနေဦး ငါမြတ်သောသူနဲ့စကားပြောဦးမယ်"
"ပြောပြော ဘာမှန်းလည်းမသိဘူး"
"ကျုပ်ကိုမလွမ်းဘူးလားမြတ်သောသူ"
"ဘာလို့လွမ်းရမှာလည်း နေ့တိုင်းတွေ့နေရတာပဲကို"
"ဒါပေမယ့်ကျုပ်ကတော့လွမ်းတယ်"
YOU ARE READING
မောင့်ချစ်သည်း[Ongoing]
Romanceတောသားနဲ့မြို့သားအကြောင်းကိုအခြေခံပြီးရေးထားပါတယ် စိတ်ကူးယဉ်သက်သက်မို့ဒီဇာတ်လမ်းထဲမှာအသုံးပြုထားတဲ့ရွာတေကအပြင်မှာရှိချင်မှလဲရှိပါလိမ့်မယ် upကတော့တရက်ခြားတခါနှစ်ရက်ခြားတခါဖစ်နိုင်ပါတယ် ဒါပေမယ့်မအားတဲ့ရက်တွေဆိုရင်တော့upကပုံမှန်ထက်နောက်ကျပါမယ် အဲ့တာကြေ...