Part 1

154 2 2
                                    

သာယာတဲ့မနက်ခင်းတစ်ခုပင်ဖြစ်လိမ့်မည် လှပတဲ့ကောင်းကင်ကြီးနဲ့တိမ်စိုင်လေးတွေအောက်မှာနွေဦးတိမ်စိုင်ဆိုတဲ့ကောင်ငယ်လေးဟာညအခါလိုနက်မှောင်နေတဲ့ကေသာလေးနဲ့အတော်ကြည့်လို့ကောင်းနေတာအမှန်ပင်

“သားနွေဦး ညဉ့်နက်နေပြီအိပ်တော့လေကွယ် မနက်ကြရင်လဲအ‌စောကြီးထပြီးခရီးသွားရအုံးမယ်မလား”

“သားခနနေရင်အိပ်တော့မှာပါ”

“အေးပါ မေမေလဲသွားအိပ်တော့မယ်”

မနက်ခင်းကိုရောက်ရှိလာခဲ့ပါပြီ နွေဦးကတော့သူအရမ်းသွားချင်နေတဲ့ကျေးလက်ခရီးကိုသွားရတော့မှာဆိုတော့တက်ကြွလေရဲ့။

“သား ဟိုရောက်ရင်မေမေတို့ကိုဖုန်းဆက်နော် ပြီးတော့ဒေါ်ကြီးတုတ်တို့အိမ်မှာပဲတည်းနော်”

“ဟုတ်ကဲ့ပါမေမေရယ် အဲ့တာဆိုသားသွားတော့မယ်နော်”

“ကောင်းပါပီကွယ်”

ရန်ကုန်ကနေကားတစ်စီးငှားထွက်ခဲ့ပြီးလမ်းတစ်လျှောက်မြင်ရတဲ့လယ်ကွင်းတွေနဲ့ထန်းပင်ထန်းတောတွေကနွေဦးအတွက်တော့အဖိုးမဖြတ်နိုင်တဲ့မြင်ကွင်းပင်။ ညနေ၃နာရီလောက်မှာတော့ဒေါ်ကြီးတုတ်တို့ရွာဖြစ်တဲ့ထန်းခြောက်ပင်ရွာထိပ်ကိုရောက်လာခဲ့ပါတယ်

“‌အားတော့နာပါရဲ့ကောင်လေးရယ် ရွာလမ်းကကြမ်းတော့ကားနဲ့ဝင်ဖို့မဖြစ်နိုင်တော့ဘူး ဒီကနေဆိုရွာ‌ထဲကိုတော့သိပ်မဝေးတော့ပါဘူးကောင်လေးဒီတိုင်းခြေလျင်သွားလိုက်လို့အဆင်ပြေရဲ့လား”

“ဟုတ် ကျွန်တော်ဒီတိုင်းလမ်းလျှောက်ပြီးပဲသွားလိုက်တော့မယ်ဗျ ဒီမှာကားခလေး ပြန်မအမ်းနဲ့တော့ဦးလေး”

“ကျေးဇူးပါကောင်လေးရေ အဲ့တာဆိုဦးလေးသွားပြီနော်”

“ဟုတ်ဦးလေး”

ကားသမားကြီးကကားကိုမောင်းပြီးထွက်သွားခဲ့သည်။နွေဦးကတော့ရွာထိပ်မှာ၅မိနစ်လောက်နားနေပြီးရွာထဲဝင်ဖို့လုပ်လိုက်သည်။

“ဟူးးးးးနေကလဲပူလိုက်တာ ငါ့အသားတွေတော့မဲပါပြီကွာ ‌အားတင်းထားနွေဦးတိမ်စိုင်ရေရွာထဲရောက်တော့မှာပါ”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now