Part 4

46 2 1
                                    

သာဒွန်းကအဲ့အကြောင်းတွေကိုသစ်ရိပ်ဆွေးအားသွားမမေးဖို့အတန်တန်ပြောခဲ့ပေမယ့်သစ်ရိပ်ဆွေးပါးစပ်ကကိုယ်တိုင်ပြောတာကိုကြားချင်တာကြောင့်နွေဦးကသစ်ရိပ်ဆွေးနေ့တိုင်းသွားလေ့ရှိတဲ့လယ်ထဲကတဲလေးဆီလိုက်သွားခဲ့သည်

“သစ်ရိပ်ဆွေး”

တဲရှေ့အပင်အောက်မှာထိုင်နေရင်းသစ်ရိပ်ကနွေဦးကိုမော့ကြည့်လာတော့နွေဦးတစ်ယောက်သစ်ရိပ်ဘေးနားဝင်ထိုင်လိုက်သည်

“ခများဒီမှာဘာလုပ်နေတာလဲ သစ်ရိပ်ဆွေး”

“ခများမျက်လုံးကောင်းသေးရင်ကျုပ်ထိုင်နေတာမြင်ရလိမ့်မယ်”

ဒီလူဆိုသည်မှာစကားကိုကောင်းကောင်းမပြောတတ်ဘူးလားမသိဘူး

“ထိုင်နေတာတော့ကျွန်တော်လဲသိတာပေါ့ဗျ”

“သိရင်ဘာလို့‌လာမေးနေသေးလဲ လျှာကိုရှည်တယ်”

“ဟင်း..ထားတော့ ငါမင်းကိုပြောစရာရှိတယ်သစ်ရိပ်ဆွေး”

“ပြော”

“မင်းငါနဲ့သူငယ်ချင်းမဖြစ်ချင်ဘူးလား”

“မဖြစ်ချင်ဘူး”

“ဟာ ဘာလို့လဲ ငါကခင်ဖို့ကောင်းတယ်နော် ပြီးတော့သဘောလဲကောင်းတယ်”

“အဲ့တော့..”

“သူငယ်ချင်းလုပ်မယ်လို့”

“မလုပ်ချင်ဘူး”

“မလုပ်ချင်လဲမလုပ်နဲ့”

နွေဦးကနှုတ်ခမ်းလေးကိုစူပြီးပါးစပ်ကလဲပွစိပွစိလုပ်နေတာကိုကြည့်ပြီးသစ်ရိပ်အနည်းငယ်ပြုံးလိုက်မိသည်

“သစ်ရိပ်ဆွေး..”

“ပြော”

“ငါမင်းကိုမေးစရာရှိတယ်”

“အင်း”

“သာဒွန်းပြောတာ မင်းကမြို့မှာကျောင်းတက်ခဲ့တာဆို”

“အင်း”

“မြို့မှာကျောင်းတက်ခဲ့တာ‌ဆိုတော့မင်းပုံစံနဲ့ဆိုကောင်‌မလေးတွေဝိုင်းဝိုင်းလည်နေမှာပေါ့နော်”

“အင်း”

နွေဦးဘာပြောပြောသစ်ရိပ်ကအင်းပဲပြောနေတာကြောင့်နွေဦးအနည်းငယ်စိတ်တိုသွားသည်

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now