Part 9

31 2 0
                                    

မနက်မိုးလင်းသစ်ရိပ်အပြင်သွားဖို့အောက်ကိုဆင်းလာတဲ့အခါမှာ‌တော့အိမ်ကိုဟိုဘက်ရွာကသူကြီးနဲ့သူကြီးသမီးမေနှင်းတို့ရောက်နေတာဖြစ်သည်

“အ‌ဖေနဲ့အမေကျုပ်လယ်ထဲသွားတော့မယ်”

“နေပါဦးသားကြီးရယ် ဒီမှာသူကြီးတို့ရောက်နေတာကို လာထိုင်ပြီးစကားလေးဘာလေးလာပြောပါဦး”

“သူတို့ဟာသူတို့အားအားယားယားလာနေတာကို”

“ဟေ့ကောင် လာထိုင်ဆိုလာထိုင် အရစ်မရှည်နဲ့”

အဖေလုပ်သူကပါခေါ်နေတော့သစ်ရိပ်လဲသက်ပြင်းတချချနဲ့သာဝင်ထိုင်လိုက်ရသည်

“ဒါနဲ့စကားမစပ်မောင်သစ်ရိပ် မင်းငါ့သမီးအပေါ်ဘယ်လိုသဘောထားလဲကွဲ့”

စကားအစအနမရှိပဲမေးလာတဲ့ဦးသာပေါ်ကြောင့်သစ်ရိပ်မှာကြောင်ထွက်သွားရသည်

“ဘယ်လိုသဘောထားရမှာလဲ အစမရှိအဆုံးမရှိကျုပ်ကိုဘာတွေလာမေးနေတာတုန်း”

သစ်ရိပ်ရဲ့အဖြေကိုကြားပြီးဦးသာပေါ်ကနည်းနည်းစိတ်ပေါက်သွားပုံရသည်

“ကဲကဲ ထားပါလေ အဲ့တာတွေကအရေးမကြီးပါဘူး ဒီတိုင်းမေးကြည့်တာ”

စကားကို‌ဝေ့လည်ကြောင်ပတ်နဲ့အမျိုးမျိုးပြောနေတဲ့ဦးသာပေါ်ကြောင့်‘ဒီလူကြီးကဘာတုန်း’လို့သာသစ်ရိပ်တွေးမိတော့သည်

“အရေးကြီးကိစ္စမရှိရင်ကျုပ်သွားတော့မယ်”

သစ်ရိပ်ထွက်သွားပြီးမေနှင်းကပါအနောက်ကလိုက်သွားသည်

“အဖေ ဟိုမှာအကိုသစ်ရိပ်ထွက်သွားပြီ ကျုပ်လိုက်သွားလိုက်ဦးမယ်နော်”

“ဖြေးဖြေးလဲသွားဦး တော်ကြာလဲလို့ရှိရှိသမျှသွားတွေအကုန်ကျွတ်ထွက်ကုန်ဦးမယ်”

“အကိုသစ်ရိပ်”

သစ်ရိပ်ကခေါ်သံကြားလဲအနောက်ကိုပင်လှည့်မကြည့်ပဲသူ့လမ်းသူသာဟန်မပျက်သွားနေသည်

“အကိုသစ်ရိပ် မေနှင်းခေါ်နေတာကို”

မေနှင်းကသစ်ရိပ်ရှေ့ပိတ်ရပ်လိုက်မှသစ်ရိပ်ကစိတ်ပျက်သလိုပုံစံနှင့်ပြန်ကြည့်လာသည်

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now