Part 14

36 2 4
                                    

ရွာကပြန်လာထဲကနွေဦးပုံစံကိုဖေဖေတို့မေမေတို့ကရိပ်မိနေကြသည်။ နေ့တိုင်းလိုလိုအခန်းတွင်းပဲအောင်းနေတတ်ပြီးသက်လင်းခအတင်းခေါ်မှအပြင်ထွက်ဖြစ်သည်။ ညဘက်တွေဆိုလည်းတော်တော်နဲ့မအိပ်ဖြစ်။ တခါတခါမေမေညဘက်သူ့အခန်းဆီလာရင်သူငိုနေတဲ့အသံကိုအခန်းပြင်ကတောင်ကြားရသည်။ ကြာတော့မေမေ့မှာသူခံစားနေရတာတွေကိုမကြည့်ရက်တော့ဘူးထင်ပါရဲ့။

“သားငယ်လေး”

“ဗျာ မေမေ မအိပ်သေးဘူးလား ”

“မေမေမအိပ်ချင်သေးလို့သားရဲ့”

“ဖေဖေရော အိပ်နေပြီလား”

“အင်း သားဖေဖေကဘုရားရှိခိုးနေတယ် ခနနေအိပ်တော့မယ်တဲ့”

“အော် ဟုတ်”

“သားကိုမေမေပွင့်ပွင့်လင်းလင်းပဲမေးမယ်နော်”

“ဘာများလည်းမေမေ”

“သားရွာကနေဘာဖြစ်လာတာလည်း သားရွာကပြန်လာထဲကအမြဲတမ်းငိုင်တိုင်တိုင်နဲ့ အရင်လိုတက်တက်ကြွကြွလည်းမရှိဘူး”

“မဟုတ်ပါဘူးမေမေရယ် သားဘာမှမဖြစ်ဘူး”

“မလိမ်တတ်ပဲနဲ့မလိမ်ပါနဲ့သားရယ် မေမေကသားကိုမွေးထားတဲ့အမေပါ သားဘာဖြစ်နေတယ်ဆိုတာမျက်နှာကြည့်ရုံနဲ့မေမေအကဲခတ်မိပါတယ်”

နွေဦးမှာအမေဖြစ်သူကိုမညာချင်တာနဲ့အမှန်အတိုင်းဖွင့်ပြောလိုက်သည်။ သက်လင်းခသူ့ကိုဖွင့်ပြောတယ်ဆိုတာကိုပါအကုန်မချွင်းမချန်ပြောပြလိုက်၏။

“သားကသူ့ကိုတကယ်ချစ်တာလား”

“ဟုတ် သားသူ့ကိုချစ်တယ်မေမေ သားဘယ်သူ့အပေါ်မှာမှမခံစားဖူးတဲ့ခံစားချက်မျိူးတွေသားသူနဲ့ဆိုခံစားရတယ်”

“ဒါဆိုလည်းမောင်သက်လင်းခကိုငြင်းလိုက်ပေါ့သားရဲ့”

“သားအဲ့လိုလည်းမလုပ်ချင်ဘူးမေမေ သားငြင်းလိုက်ရင်သူစိတ်မကောင်းဖြစ်သွားမှာပေါ့”

“သားရယ် သူများခံစားချက်ကိုအရမ်းတွေးပေးလွန်းနေပြီငါ့သားလေး”

နွေဦးမှာမေမေ့ကိုပင်ဖက်ငို‌မိတော့သည်။

“မငိုနဲ့သား သားကအဲ့လိုပျော့ညံ့တဲ့သူမှမဟုတ်တာသားရဲ့”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now