Part 7

28 0 0
                                    

‌တစ်နေ့လုံးအလင်းပေးပြီးတဲ့နောက်မှာတော့နေမင်းကြီးဟာစိမ်းစိုလန်းဆန်းနေတဲ့တောင်တန်းကြီးတွေရဲ့အနောက်ဖက်ကိုဖြေးညှင်းစွာတရွေ့ရွေ့နှင့်ဝင်သွားခဲ့သည်။

“နွေဦး ကျွန်တော်တို့သွားကြရအောင်”

“ဟို ခနလောက်စောင့်ပေးလို့ရမလားကိုမြတ်သော”

“ဟုတ် ရပါတယ်”

5မိနစ်လောက်ကြာတော့သစ်ရိပ်ဆွေးရယ်သာဒွန်းရယ်နဲ့အတူခန့်ဦးနောင်လဲပါလာခဲ့သည်။

“လူစုံပြီဆိုတော့ကျွန်တော်တို့သွားကြတာပေါ့”

နွေဦးကစကားတချက်ဆိုလိုက်ပြီးအသင့်ပြင်ထားတဲ့လှည်းပေါ်သို့အားလုံးတက်ထိုင်လိုက်ကြပြီးသာဒွန်းကလှည်းကိုမောင်းကာဟိုဘက်ရွာကိုဦးတည်လိုက်သည်။ ဟိုရောက်တော့ရွာသူရွာသားတွေကဖော်ရွေစွာပင်စီးကြိုကြသည် ပွဲတော်ဆိုသည့်အတိုင်းအဲ့ဒီမှာ‌မုန့်ရောင်းတဲ့ဈေးသည်တွေ အရုပ်သည်တွေ ဖျော်ဖြေသည့်လူများလဲရှိနေခဲ့သည်

“နွေဦးလာ ကျွန်တော်တို့ဟိုဘက်သွားရအောင်”

“ဟုတ်ကဲ့ကိုမြတ်သော”

မြတ်သောနဲ့နွေဦးကအရှေ့ကနေသွားရင်းနောက်ကနေထပ်ချပ်မကွာလိုက်နေသူကခန့်ဦးနောင်နဲ့သစ်ရိပ်ဆွေးပင် သာဒွန်းကတော့ရွာကအပျိုလေးတွေကိုဖွန်ကြောင်ရင်းကျန်နေခဲ့၏

“နွေဦးဟိုမှာကြည့်”

ဘုန်းကြီးကျောင်းရှေ့စင်ပေါ်မှာဖျော်ဖြေနေတဲ့အလှမယ်ကလေးများကိုမြတ်သောသူကနွေဦးအားပြရင်းနှစ်ယောက်သားပျော်ရွှင်ကြည်နူးနေကြသည်။ သို့ပေမယ့်မပျော်နိုင်သူလူနှစ်ဦးလဲရှိနေခဲ့သည် ခနကြာတော့သစ်ရိပ်ကနွေဦးလက်ကိုဆွဲပြီးတနေရာကိုခေါ်သွားခဲ့သည်

“လာခဲ့”

“ဘယ်သွားမလို့လဲ”

“......”

“ဟာ့ သစ်ရိပ်ဆွေး လွှတ်ဦး ငါ့လက်နာတယ်”

“......”

“မင်းဘာဖြစ်နေတာလဲ ငါဟိုမှာဇာတ်ပွဲကြည့်နေတာကို”

“မကြည့်နဲ့”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now