Part 8

31 1 0
                                    

“ငါ့တူကြီးနွေဦး မင်းလာတာအတော်ပဲဟေ့ ဒီမှာမင်းတို့ကြီးတော်ကအိမ်မှာကောက်ညှင်းထုပ်လေးလုပ်သတဲ့ စားဦးကွာ”

“ဟုတ် သူကြီး”

နွေဦးလဲသူကြီးကတော်လုပ်ထားတဲ့ကောက်ညှင်းထုပ်လေးတွေအားစားကြည့်လိုက်သည်။ အိမ်ကမှာကြီးတုတ်ချက်ကျွေးတဲ့ငါးပေါင်းနဲ့ထမင်းနှစ်ပန်းကန်စားလာလို့ဗိုက်ကတင်းနေပေမယ့်သူကြီးတို့ကအတင်းကျွေးနေတော့ငြင်းရမှာအားနာတာလဲပါ‌တာပေါ့

“ဒါနဲ့ သစ်ရိပ်ဆွေးရောသူကြီး”

“ဒီကောင်ဘယ်တုန်းကများအိမ်မှာနေတယ်ရှိလို့လဲကွာ မနက်မိုးလင်းမျက်လုံးဖွင့်တာနဲ့အိမ်ကနေထွက် ပြီးရင်မိုးချုပ်မှပြန်လာနဲ့လေ အခုလဲ လယ်ထဲသွားမယ်ဆိုပြီးသာဒွန်းနဲ့နှစ်ယောက်ထွက်သွားလေရဲ့”

“အော် လယ်ထဲသွားတာလား”

“ဟုတ်သပါ့ လယ်ထဲကိုသွားတာသွားတာဆိုတာနေ့တိုင်းလိုလိုပဲ အခုထိလယ်ထဲမှာဘာမှတိုးတက်လာတာမရှိဘူး ဘယ်တိုးတက်မလဲအဲ့ရောက်တာနဲ့တဲရှေ့အပင်အောက်ပဲအိပ်အိပ်နေတာကို လယ်ထဲနွားဝင်တောင်သူ့တက်နင်းသွားမှသိမယ့်အကောင်မျိုး”

သူကြီးမှာသစ်ရိပ်ဆွေးအကြောင်းပြောရင်းဒေါသပင်ထွက်လာသည်အထိ။ အဲ့ဒီသစ်ရိပ်ဆွေးဆိုတဲ့လူဟာလေ တကယ့်မလိမ်မာသူမဆိုးကောင်

“အဲ့တာဆိုကျွန်တော်သစ်ရိပ်ဆွေးဆီလိုက်သွားလိုက်ဦးမယ်သူကြီး”

“အေးအေးငါ့တူကြီး”

“ဖေကြီး”

“ဟေ”

“မောင်နွေဦးကိုကြည့်ရတာအိမ်ကသားတော်မောင်ကိုခင်တွယ်တဲ့ပုံပဲနော်”

“အမယ်လေး မမြတင်ရယ် မင်းသားလိုလူကိုဘယ်သူကများသည်းခံနိုင်မတုန်း”

“တော်ကလဲတော် ကျုပ်ကကျုပ်အမြင်ကိုပြောတာပါတော့် ကျုပ်သားကိုအဲ့လောက်ကြီးတော့မပြောစမ်းပါနဲ့ ကျုပ်သားကအရင်တုန်းကအဲ့လောက်မဆိုးပါဘူး ဘာမဟုတ်တဲ့ဟာမကြောင့်အဲ့လိုဖြစ်သွားတာကို”

“ဟုတ်တော့လဲဟုတ်ပါတယ်လေ”

***************************

“သာဒွန်း သစ်ရိပ်ဆွေးရော”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now