Part 2

65 2 1
                                    

မနက်ခင်းကိုရောက်ရှိလာခဲ့ပြီဖြစ်သည်။ တကျီကျီအော်မြည်နေသောကျေးငှက်လေးတွေရဲ့အသံနဲ့လင်းကြက်တွန်သံတွေဟာကျေးလက်မနက်ခင်းရဲ့ကဗျာဆန်သောအလှတရားပင်ဖြစ်လိမ့်မည်။

“ငါ့တူကြီးနွေဦး နိုးပြီလား ဒီမှာကောက်ညှင်းပေါင်းပူပူလေးနဲ့ငါးခြောက်ဖုတ်လေးလာစားလှည့်”

“‌အနံ့လေးတွေကမွှေးနေရောကြီးတုတ်ရယ်”

“စားကြည့် တောမှာတော့စားစရာဆိုလို့ဒါတွေပဲရှိတယ်ငါ့တူရယ် မြို့မှာလိုကော်ဖီတွေကိတ်မုန့်တွေဘာတွေတော့မရှိဘူးပေါ့ကွယ်”

“ရပါတယ်ဗျာ ရောမရောက်ရင်တော့ရောမလိုကျင့်ရမှာပေါ့ ဒါလေးတွေလဲအဆင်ပြေပါတယ်”

“အေးပါကွယ် ငါ့တူကြီးအဆင်ပြေရင်ပြီးတာပါပဲ”

“ဒေါ်ကြီးတုတ်ရေ ဗျို့..ဒေါ်ကြီးတုတ်”

“ဟေ...ဘာကိစ္စတုန်းပြောစမ်း”

“သူကြီးကဒေါ်ကြီးတုတ်ကိုအခေါ်တော်လွှတ်လိုက်လို့ ဧည့်သည်ကိုပါခေါ်ခဲ့ခိုင်းလိုက်တယ်ဗျို့”

“အဲ့တာဆိုကျွန်တော်တို့သွားရအောင်လေ”

“မနက်စာလေးစားပါအုံးကွယ် ပြီးမှသွားကြတာပေါ့”

“ကျွန်တော်ဗိုက်ပြည့်ပါပြီ သွားကြတာပေါ့”

‌ကြီးတုတ်နဲ့နွေဦးတို့သူကြီးအိမ်သို့လိုက်သွားကြသည်။သူကြီးအိမ်ကိုရောက်တော့အိမ်ပေါက်ဝမှာသစ်ရိပ်ဆွေးဆိုသူတစ်ဦးကပုဆိုးကိုမတိုမရှည်အတော်အသင့်ဝတ်ထားပြီးပေါက်ပြားကိုထမ်းကာထွက်လာခဲ့သည်။နွေဦးကပျူငှာစွာပြုံးပြလိုက်ပေမယ့်သူကတော့တစ်ချက်မှပင်အဖတ်မလုပ်ပဲသူ့လမ်းသူသာဆက်၍သွားတော့နွေဦးအနည်းငယ်စိတ်ကသိကအောင့်ဖြစ်သွားရသည်။

“လာ မယ်တုတ်ထိုင်ဗျာ ဒီကဧည့်သည်ကောင်လေးလဲထိုင်ကွာ”

“ဟုတ်ကဲ့ဗျ”

“သူကြီးကျုပ်တို့ကိုအခေါ်တော်လွှတ်လိုက်တယ်ဆိုလို့ ဘာကိစ္စများရှိလို့လဲသူကြီး”

“အိုလေ ကိစ္စကတော့အထွေအထူးရယ်လို့မရှိပါဘူး မြို့ကမယ်တုတ်တူရောက်နေတယ်ဆိုလို့တွေ့ချင်လို့သာဒွန်းကိုခေါ်ခိုင်းလိုက်တာဗျို့”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now