နေလေးနဲနဲမြင့်တော့မြတ်သောသူတစ်ယောက်မျက်နှာကြီးပြုံးဖြီးကာပြန်လာလေသည်။အိမ်ရောက်ရင်ကြုံတွေ့ရမည့်အရာတွေကိုတော့သူမသိသေးချေ။
“ဟော သားတော်မောင်လေးပြန်လာပြီပေါ့”
အိမ်ထဲဝင်သည်နှင့်အဖေလုပ်သူဦးမြဒင်ကပြုံးရင်းပြောသည်။ဒါရိုးရိုးတမ်းတမ်းမဟုတ်မှန်းမြတ်သောသူရိပ်မိသည်။
“ဟုတ်အဖေ”
“ဘယ်ကပြန်လာတာလည်းသားလေး”
“ရွာထဲကပြန်လာတာလေအဖေရဲ့”
“အော ရွာထဲမှာတော်တော််မှပျော်ခဲ့ရဲ့လား”
“ဗျာ..”
“ရွာထဲမှာတော်တော်မှပျော်ခဲ့ရဲ့လားလို့မေးနေတာ”
“ဟို ဟုတ် ဟုတ်ပျော်ခဲ့ပါတယ်”
မြတ်သောသူနည်းနည်းတော့ကြောက်လာမိသည်။အဖေဖြစ်သူပုံစံကအခါတိုင်းလိုဟုတ်မနေ။
“မင်းကဘာမှမဖြစ်သလိုနေနိုင်သေးတယ်ပေါ့လေ”
“ဗျာ ဘာ ဘာကိုလည်းအဖေ”
“မင်းခန့်ဦးနောင်နဲ့တွဲနေတယ်ဆို အဲ့တာဟုတ်လား”
“ဗျာ!”
“မဗျာနဲ့ ငါမေးတာဖြေ အဲ့တာဟုတ်လားလို့”
“ဟို.....”
“ဟိုဟိုဒီဒီတွေလုပ်မနေနဲ့မြတ်သောသူ ငါစိတ်ရှည်နေတာမဟုတ်ဘူးနော်”
“သား နင့်အဖေမေးနေတာဖြေလိုက်လေ”
ဦးမြဒင်၏ဒေါသကိုသိတာမို့အမေလုပ်သူမှာပြောရပြန်သည်။
“ဟုတ် ဟုတ်ပါတယ်”
“တောက်စ်!!ကွာ”
“သား သားတောင်းပန်ပါတယ်နော် သားတို့ကိုမခွဲပါနဲ့”
“ဘာကွ! မင်းဘယ်လိုကောင်လည်း”
ဦးမြဒင်မှာသားလုပ်သူကိုရိုက်ချင်လို့ကလက်တစ်ရွယ်ရွယ်နှင့်ပင်။
“သားတို့ချင်းတကယ်ချစ်ကြတာပါအဖေရယ်”
“ချစ်တာတွေမချစ်တာတွေငါ့လာမပြောနဲ့ သားမွေးပြီးသမက်ရမှာမျိုးတော့အဖြစ်မခံနိုင်ဘူး မင်းအဲ့ကောင်နဲ့ဖြတ်ရင်ဖြတ် မဟုတ်ရင်တော့ငါ့အဆိုးမဆိုနဲ့”
YOU ARE READING
မောင့်ချစ်သည်း[Ongoing]
Romanceတောသားနဲ့မြို့သားအကြောင်းကိုအခြေခံပြီးရေးထားပါတယ် စိတ်ကူးယဉ်သက်သက်မို့ဒီဇာတ်လမ်းထဲမှာအသုံးပြုထားတဲ့ရွာတေကအပြင်မှာရှိချင်မှလဲရှိပါလိမ့်မယ် upကတော့တရက်ခြားတခါနှစ်ရက်ခြားတခါဖစ်နိုင်ပါတယ် ဒါပေမယ့်မအားတဲ့ရက်တွေဆိုရင်တော့upကပုံမှန်ထက်နောက်ကျပါမယ် အဲ့တာကြေ...