Part 3

51 2 1
                                    

ထန်းခြောက်ပင်ရွာလေးကိုရောက်နေခဲ့တာ1လလောက်ပင်ကြာနေခဲ့ပြီဖြစ်သည် ဘာပဲပြောပြောနွေဦးကဖေဖေနဲ့မေမေကိုပျော်သလောက်နေမယ်လို့ပြောခဲ့တာကြောင့်ဘယ်လောက်ပင်ကြာနေပါစေဖေဖေတို့မေမေတို့စိတ်ပူစရာတော့မရှိချေ။နွေဦးကတော့ဒီရွာလေးမှာနေသားကျလာသလိုရွာကလူတော်တော်များများနဲ့လည်းရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။မနက်တိုင်းလိုလိုဒေါ်ကြီးတုတ်ရဲ့လယ်ထဲလိုက်ပြီးနွေဦးလုပ်တတ်တာလေးကိုကူပေးတယ် ညနေဘက်ဆိုရွာဦးဘုန်းကြီးကျောင်းနဲ့စေတီလေးကိုသွားပြီးအမှိုက်လှဲ ရေချမ်းစင်ရေဖြည့် ဘုန်းဘုန်းနဲ့ကိုရင်တို့ရဲ့ဝေယျာ‌ဝတ်စတွေကိုလုပ်ပေးလေ့ရှိသည် တခါတရံသူကြီးအိမ်သို့သွားလည်ပြီးစကားတွေဖောင်ဖွဲ့ပြောရင်းအချိန်ကုန်လေ့ရှိသည်။နွေဦး‌ရွာကိုရောက်တာ1လနီးပါးရှိပြီးလူတိုင်းနဲ့ခင်ခင်မင်မင်စကားပြောဆိုလေ့ရှိပေမယ့်သူကြီးသားသစ်ရိပ်ဆွေးဆိုသူနဲ့တော့အခုထိပင်စကား၁၀ခွန်းပြည့်အောင်မပြောဖူးသေးဘူးတာအမှန်ပင်။

“‌ကြီးတုတ် ကျွန်တော်သူကြီးတို့အိမ်ဘက်ခနသွားလိုက်အုံးမယ်နော်”

“အေးအေးငါ့တူကြီး”

သူကြီးအိမ်သို့သွားသည့်လမ်းမှာကလေးတွေဒိုးချပ်ပစ်တန်းကစားနေတာတွေတွေ့ရသလိုရေခပ်သွားတဲ့ရွာကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အလှလေးတွေနဲ့လဲတွေ့ရသည်။နွေဦးကတော့ဒီရွာမှာနေရတာအတော်ပင်ပျော်မွေ့နေပြီဖြစ်သည်။

“သူကြီး”

“အော် ငါ့တူကြီးလာ”

“ကြီးမြတို့မြနှင်းတို့လဲမတွေ့မိပါလားဗျ”

“မင်းကြီးမြနဲ့မင်းနှမမြနှင်းတို့ကရွာဦးကျောင်းဆီဆွမ်းသွားကပ်တယ်လေ”

“အော် အဲ့တာဆိုသူကြီးတစ်ယောက်ထဲလား”

“ဟုတ်တယ်ဗျို့ ဟိုငါမနိုင်သားသစ်ရိပ်ဆွေးကတနေ့တနေ့အိမ်မှာကိုနေတယ်မရှိဘူး အခုလဲဟိုဘက်ရွာကိုပစ္စည်းလေးပို့ခိုင်းချင်လို့ကိုဘယ်သင်္ချိုင်းလိုက်ရှာရမှန်းကိုမသိဘူး”

“သာဒွန်းလဲမရှိဘူးလားသူကြီး”

“သာဒွန်းကနွားသွားကျောင်းလေရဲ့”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now