Part 6

41 1 3
                                    

မနက်အာရုဏ်ဦးတွင်ရွာဦးကျောင်းမှအိုးမောင်းခေါက်သံနှင့်ဆွမ်းချက်ထရန်နှိုးဆော်တဲ့အသံတွေဟာကျေးလက်မနက်ခင်းရဲ့အဖိုးမဖြတ်နိုင်တဲ့အရာတွေပင်

"အကိုနွေဦး အကိုနွေဦး"

"မနက်အစောကြီးဘာကိစ္စရှိလို့လဲသာဒွန်းရဲ့"

"ပွဲတော်တွေကနီးလာပြီဆိုတော့ဒီနေ့ရွာဦးဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်အားပေးနေကြတယ်ဗျ အဲ့တာအကိုနွေဦးလိုက်အုံးမလားလို့ကျုပ်လာခေါ်တာ"

"လိုက်မှာပေါ့သာဒွန်းရ ခနနော် အကိုအင်္ကျီသွားလဲအုံးမယ်"

"အေးဆေးလဲအကို"

နွေဦးသည်အင်္ကျီကွက်ကြားလက်ရှည်လေးကိုလက်တဝက်ခေါက်တင်ထားပြီးသန့်သန့်ပြန့်ပြန့်နှင့်အတော်ပင်ကြည့်ကောင်းနေသည်

"ဒီလိုကြတော့လဲအကိုနွေဦးကကြည့်ကောင်းသားပဲဗျ"

"မြှောက်နေပြန်ပါပီကွာ လာ သွားရအောင်"

ရွာဦးဘုန်းကြီးကျောင်းရောက်တော့ရွာကကာလသားအချို့ကပေါက်ပြားတွေကိုင်ကာကျောင်းရှေ့ကမြက်ပင်တွေကိုပေါက်နေကြသည် ရွာသူအချို့ကတော့ကျောင်းဝန်းထဲကအမှိုက်တွေကောက် စေတီပေါ်ကအမှိုက်တွေရှင်း သောက်တော်ရေတွေပန်းတွေလဲရင်းအလုပ်ရှုပ်နေကြသည် ကျောင်းရှေ့ခရေပင်ကြီးအောက်ကကွပ်ပျက်ပေါ်မှာတော့ဘုန်းဘုန်းနဲ့သူကြီးအပါအဝင်လူကြီးတချို့ကရေနွေးကြမ်းသောက်ရင်းထိုင်ကြည့်နေကြသည် ‌ဘုန်းဘုန်းကိုသွားကန်တော့ရင်းစကားစမြည်ပြောလိုက်သေးသည်။

"မောင်နွေဦးကမြို့သားဆိုတော့ဒီအလုပ်တွေဘယ်လုပ်တတ်ပါ့မလဲ အေးဆေးထိုင်နေပါကွယ်"

"မဟုတ်တာပဲဘုန်းဘုန်းဘုရား တပည့်တော်လုပ်တတ်ပါတယ်ဘုရား"

"အေးကွယ် လုပ်တတ်တယ်ဆိုလဲလုပ်ပေါ့ ဒါနဲ့သူကြီး ခများသားဘယ်မှာတုန်း"

"မသိပါဘူးဘုရား ခုနလေးကပဲဒီနားမှာမြက်တွေပေါက်နေသေးသလားလို့ အခုဘယ်ရောက်သွားမှန်းမသိတော့ဘူး"

“အဲ့တာဆိုတပည့်တော်အလုပ်သွားလုပ်လိုက်ပါအုံးမယ်ဘုရား”

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now