Part 13

37 2 1
                                    

ရန်ကုန်ကိုညနေ4နာရီခွဲလောက်မှာရောက်ခဲ့ပြီးကားဂိတ်ကနေအိမ်သို့taxiတစ်စီးငှားပြီးပြန်သွားသည်။

“ဦးလေး ကျွန်တော့်ကိုသင်္ဃန်းကျွန်းဘက်ပို့ပေးပါ”

ရွာကနေထွက်လာတဲ့တစ်လမ်းလုံးရင်ထဲဝမ်းနည်းမှုတွေအပြည့်နဲ့ပင်။Expressကားစီးလာတာမို့ကားပေါ်မှာခရီးသည်တွေနဲ့ကြောင့်ငိုချင်တာကိုချုပ်ထိန်းထားခဲ့ရသမျှtaxiပေါ်စရောက်ထဲကradioကလာတဲ့သီချင်းသံနားထောင်ရင်းရှိုက်ငိုမိတော့သည်

🎶ကြင်နာသလိုမကြင်နာသူ နေနိုင်ရက်တဲ့ချစ်သူလေး🎶 အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုကွယ် ကိုယ်မညိုညင်ခဲ့ဘူးတကယ်🎶ညာနေတာတွေရင်ထဲကငို‌ေနမိလည်းခနပါပဲဟန်ဆောင်ပြုံးရင်းချစ်တဲ့သူအနားနား🎶ကိုယ်တကယ်ပျော်နေခဲ့တယ် အချစ်တစ်ခုအတွက်အရာရာအားလုံးသဘောအတိုင်းပဲ🎶 ကိုယ်လိုချင်ခဲ့သောအချစ်တို့ဝေးနေလည်း...ရင်တွေကွဲပြီးနားလည်မယ် အပြစ်မမြင်ပါဘူးချစ်သူလေးရယ် မပိုင်ဆိုင်ရလည်းထားခဲ့တော့ကွယ်နေပါစေကိုယ်ကျေနပ်တယ်🎶တစ်ဘဝလုံးအတွက်ချစ်သူရယ် ဘဝမှာတစ်ခါထဲချစ်ချင်လို့ပါ နေမဝင်ခဲ့သောကိုယ့်ရဲ့အချစ်တွေထာဝစဉ်ရှင်သန်ဆဲကွယ်🎶

ရှိုက်သံတွေပါထွက်တဲ့အထိမခံစားနိုင်ပဲငိုချမိတော့သည်။ နွေဦးဘဝမှာဘယ်သူ့အတွက်ကြောင့်မှအဲ့လောက်မခံစားခဲ့ရဖူးဘူး အခုတော့သူ့ရင်တွေကွဲမတတ်ကိုနာကျင်ရသည်။ သူ့ခံစားချက်တွေကိုသစ်ရိပ်ဆွေးဆိုတဲ့အဲ့ကောင်ကတကယ်ထည့်မတွက်ခဲ့ဘူး။

ချစ်ရသူရဲ့အဝေးကိုထွက်လာရတဲ့ခံစားချက်ကတကယ်ဆိုးဝါးတယ်။

“ရောက်ပြီကောင်လေး ရော့ ရေသောက်လိုက်ဦး တစ်လမ်းလုံးငိုလာတာမောရောပေါ့”

“ကျေးဇူးတင်ပါတယ်ဦးလေး”

“မလိုပါဘူးကွာ”

“ဒါနဲ့ကားခဘယ်လောက်ကျလည်းဦးလေး”

“၃၀၀၀ပဲပေး”

“ဒီမှာ၅၀၀၀ပြန်မအမ်းနဲ့တော့နော်ဦးလေး”

ကားဆရာဦးလေးကြီးကိုငွေရှင်းပြီးအိမ်ထဲဝင်သွားလိုက်သည်။ ရုတ်တရက်ကြီးပြန်လာတာဆိုတော့ဖေဖေတို့မေမေတို့ကအံ့ဩသွားကြသည်

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now