Part 11

24 1 1
                                    

“ကြီးတင် ဟိုကောင်ငခန့်ရော”

“အဲ့ကာလနဂါးကအခုချိန်ထိမထသေးဘူး ဒီပုံစံနဲ့များမိန်းမယူရင်မိန်းမကတောင်ပြန်လုပ်ကျွေးနေရမဲ့ပုံပဲ”

သစ်ရိပ်မှာကြီးတင်စကားကြောင့်ပြုံးမိသည် သူ့သားကမိန်းမယူမှာမှမဟုတ်တာ

“အဲ့တာဆိုကျုပ်သွားနှိုးလိုက်ဦးမယ်”

“နှိုးနှိုး”

အိမ်ရှေ့ဘုရားစင်ရှေ့သိုးအောင်အိပ်နေတဲ့ငခန့်ဖင်ကိုရိုက်ပြီးနှိုးလိုက်သည်

“ငခန့် ထတော့ နေကမင်းဖင်ထိုးနေပြီ”

“ဟာ ဘာလည်းငသစ်ရာ အိပ်နေတာကို”

“မအိပ်နဲ့တော့ထလို့ ရွာထဲသွားမယ်”

“မထဘူး”

“ခန့်ဦးနောင် ငါစိတ်တိုလာပြီနော် မင်းထမှာလားမထဘူးလား”

“ထပြီထပြီ မိန်းမ‌ကလည်းစိတ်ကြီးပဲ ယောက်ျားမှာအိပ်ရေးတောင်မဝဘူး”

“မင်းဘကိုမိန်းမလား စောင့်ကန်ချလိုက်လို့သင်္ချိုင်းကိုဖိနပ်မပါပဲလေးဘက်ကုန်းရောက်သွားမယ်နော်သေချင်းဆိုး”

“နူးညံ့လိုက်တာငသစ်ရာ ငါကနောက်တာပါဟ မင်းလည်းငါမိန်းမမတော်ဘူး ငါ့မှာကရှိပြီးသား”

“အေးပါအေးပါ ပြောထားဦးပေါ့”

“ငါ့လာနှိုးတာဘာလုပ်မို့လို့”

“ဘာမှမလုပ်ဘူး ရွာထဲသွားမို့လာခေါ်တာ”

“ရွာထဲကိုတစ်ယောက်ထဲမသွားတတ်လို့လားမင်းက”

“ငါမမွေးမသားကစောက်စကားကိုရှည်တယ် မလိုက်ချင်မလိုက်နဲ့ ဒီနေ့မိစုတို့အိမ်မှာအလှုရှိတယ် မြတ်သောသူလည်းအဲ့မှာကြောင့်မင်းကိုလာခေါ်တာ မလိုက်ချင်လည်းကျန်ခဲ့”

“ဟာ လိုက်မယ်လို့ငသစ်ရ နေဦး ငါမျက်နှာသွားသစ်လိုက်ဦးမယ်”

ခန့်ဦးနောင်မျက်နှာကိုအပြေးအလွှားသစ်ပြီးနှစ်ယောက်သားမိစုတို့အိမ်ဘက်ဦးတည်လိုက်သည်

“ဖေဖေဒင်ဒင် နေကောင်းတယ်နော်”

ခန့်ဦးနောင်ကမြတ်သောသူရဲ့အဖေဦးမြဒင်ကိုမြင်တော့မချိုမချဉ်နဲ့နှုတ်ဆက်လိုက်သည် ဦးမြဒင်ကတော့ခန့်ဦးနောင်ကိုကြည့်မရတာကြောင့်ဆဲလွှတ်လိုက်သည်

မောင့်ချစ်သည်း[Ongoing]Where stories live. Discover now