"ချာတိတ်"
"အို...ဟိုနေ့ကဦး..."
ဟီဆွန်း photo studio သို့အသွားလမ်းတွင် ဟိုနေ့ကကောင်လေးကို ဘတ်စ်ကားဂိတ်မှာတွေ့လိုက်ရ၍ ကားကိုဘေးချရပ်လိုက်သည်။
မှန်ချပြီးလှမ်းခေါ်လိုက်ချိန်တွင် ချက်ချင်းမှတ်မိသွားပုံရသောကောင်လေးက အစကတော့အံ့ဩသွားပြီးမျက်လုံးလေးတွေမှိတ်ကျလာသည်အထိပြုံးပြလာသည်။
"ဘယ်သွားမလို့လဲ အိမ်ပြန်မို့လား ကိုယ်လိုက်ပို့ပေးမယ်လေ"
ဟီဆွန်းသည်ပထမဆုံးစတွေ့တုန်းကသုံးခဲ့သည် အသုံးအနှုန်းအစားပြောင်းသုံးလိုက်ခြင်းကြောင့် ထိုကောင်လေးများထူးဆန်းသွားလေမလားလို့ မလုံမလဲကြည့်လိုက်သော်လည်း တစ်ဖက်သူကတော့သတိထားမိပုံတောင်မရ။
"မဟုတ်ဘူးဗျ...အလုပ်သွားလျှောက်မလို့ပါ"
ကျောင်းယူနီဖောင်းဝတ်ထားလျက်ရှိသောကောင်လေးကြောင့် ဟီဆွန်းမှန်းပြောလိုက်သော်လည်း မဟုတ်။ဒါထက်နေပါဦး...အထက်တန်းကျောင်းသားကဘာလို့အလုပ်လဲ...?
"အလုပ်..?"
"ဟုတ် မော်ဒယ်အလုပ်လျှောက်ကြည့်မလို့လေ ရမရတော့မသေချာပါဘူး "
ထိုကလေး၏အပြောကြောင့် ဟီဆွန်းမျက်ခုံးပင့်မိသွားပြီး တစ်ဖက်သူကိုမသိမသာအကဲခတ်မိလိုက်သည်။ခန္ဓာကိုယ်အချိုးအစားမှာတောင့်တင်းသည်တော့မဟုတ်ပေမယ့် ကောက်ကြောင်းနေရာတွေကသာမန်အဝတ်အစားနှင့်တောင်ပေါ်လွင်နေတာမို့လှသည်လို့ပြောရမည်။ပြီးတော့ရုပ်ရည်လေးလဲရှိတာမို့ မဖြစ်နိုင်စရာတော့မရှိဟု ဟီဆွန်းတွေးမိသည်။
YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
FanfictionFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo