Chapter Twelve

351 91 16
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



―୨୧⋆ ˚

"ဂျောင်ဝန်း မင်းပြောကြည့်ကွာ ရုပ်ရှင်ကြည့်ဖို့ခေါ်တာ သူ့လည်းငါ့ကိုကြိုက်နေလို့မဟုတ်ဘူးလား"

ဆောလ်နူးတစ်ယောက်အိပ်ရာမှာ မှောက်လျက်မျက်နှာကိုလက်တစ်ဖက်ဖြင့်ထောက်ထားပြီး ကျန်တစ်ဖက်ကဖုန်းကိုကိုင်၍ နားနားမှာကပ်ထားသည်။လေထဲရောက်နေတဲ့သူ့ရဲ့ခြေထောက်တွေကတော့တလှုပ်လှုပ်ဖြစ်နေသည်။

"အဲ့လိုလဲဖြစ်နိုင်ပါတယ် ဒါပေမယ့်လဲစောင့်ကြည့်လိုက်ပါဦး"

ဆောလ်နူးအရှေ့တွင်ဖြန့်ချလျက်ရှိသော အင်္ကျီသုံးစုံကိုရွေးနေရင်းက ယန်းဂျောင်ဝန်းစကားကြောင့် သူမျက်မှောင်လေးကြုံ့သွားသည်။

"မင်းကလည်း သူကလူကြီးဆိုတော့ရှက်လို့နေမှာပေါ့ ငါကပဲအရင်ပြောလိုက်မယ်လေ"

တစ်ဖက်ကတုံ့ပြန်သံထွက်မလာပေမယ့် နှာခေါင်းရှုံ့နေမှာကိုဆောလ်နူးမမြင်ရပဲနဲ့ကြိုသိသည်။ဒါကြောင့်ဖုန်းကိုစပီကာဖွင့်ကာမွေ့ယာပေါ်တွင်ချထားလိုက်ပြီး မျက်နှာပေါ်မှာကပ်ထားတာအချိန်အတော်အသင့်ရှိပြီဖြစ်တဲ့အသားအရေထိန်းသိမ်းတဲ့ကပ်ခွာကိုခွာလိုက်သည်။

"အေးပါ စိတ်ချမ်းသာသလိုသာလုပ်"

မျက်နှာပေါ်ကခွာလိုက်ပေမယ့်လည်း အစိုဓာတ်တွေရှိနေသေးတဲ့ကပ်ခွာကို လက်မောင်းတစ်လျှောက်နှင့် လည်ပင်းတွေမှာပွတ်လိမ်းနေရင်း ဆောလ်နူးခိုးပြုံးလိုက်မိသည်။ကြောင်တစ်ကောင်တော့စိတ်ကောက်နေပါပြီ။

"မင်းကလည်း မင်းကိုအားကိုးပြီးအရေးထားလို့ အခုအကြံဉာဏ်တောင်းပြီးမေးနေရတာ‌လေ အဲ့လိုမပြောပါနဲ့"

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now