Chapter Seven

425 94 6
                                    

―୨୧⋆ ˚

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


―୨୧⋆ ˚

ကော်ဖီဆိုင်တွင်လူရှင်းနေချိန်ဖြစ်၍ သီချင်းသံခပ်တိုးတိုးတိုးကသာပတ်ဝန်းကျင်ကိုလွှမ်းခြုံထားသည်။

"စာတွေရောလုပ်ဖြစ်ရဲ့လား"

ဟီဆွန်းသူ့ရှေ့ကရေခဲမုန့်ခွက်တစ်ခွက်နှင့်အတူ ခေါင်းငုံရင်းထိုင်နေသည့်အကောင်ပေါက်ကြိလှမ်းမေးလိုက်တော့ ခေါင်းလုံးလုံးလေးကဆက်ခနဲထောင်လာသည်။

"ဟုတ်...လုပ်ဖြစ်ပါတယ်ဦး"

အထက်‌တန်းကျောင်းသာမို့ အလုပ်လုပ်နေရင်း စာမလုပ်ဖြစ်မှာကိုလဲစိုးရိမ်နေမိသည်။ထိုကြောင့်တတ်နိုင်သလောက်ကျောင်းချိန်နဲ့လွတ်အောင်တော့ ဟီဆွန်းစီစဉ်ပေးထားပေမယ့် ကျောင်းတစ်ဖက်နဲ့မို့ပင်ပန်းနေမလားမသိပါ။

"မင်းအမေ..မေမေ့နာမည်ကယူဟယ်ဝန်းလား"

ဟီဆွန်းသိထားပြီးသားပေမယ့် ပို၍သေချာအောင်အတည်ပြုလိုက်သည်။နောက်လည်းသိသွားမှာလည်းတူတူအခုတည်းကပြောထားလိုက်တာကောင်းမည်ဟုထင်သည်။

"ဗျာ..ဟုတ်...ဟုတ်ပါတယ်..ဦးကမေမေ့ကိုဘယ်လိုလုပ်"

ဆောလ်နူးမှာရုတ်တရပ်'ဦး'ဆီမှမေမေ့နာမည်ထွက်လာသောကြောင့်သူအံ့ဩသွားရသည်။ဦးနဲ့မေမေနဲ့ကသိတာများလား..

"ကိုယ်နဲ့အထက်တန်းတုန်းကတစ်ခန်းထဲပဲလေ"

ဆောလ်နူး၏မျက်လုံးလေးများဝိုင်းဆက်သွားရသည်။ဒါဆိုမေမေကဦးကိုသိနေသည်ပေါ့။

"ကိုယ်လည်းမနေ့ကမှ ဆောင်းဟွန်းတွေ့ခဲ့တယ်ပြောလို့သိလား မေမေကိုပြောလိုက်ဦး ကိုယ့်ဆီမှာချာတိတ်ကိုစိတ်ချထားလို့ရတယ်လို့"

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now