Chapter Fourteen

463 94 10
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


―୨୧⋆ ˚


‌သူ့ဘေးကိုလှည့်ကြည့်လိုက်တဲ့အခါ အဖြူရောင်စွတ်စွတ်လောင်းကုတ်တစ်ထည်ကိုဝတ်ထားပြီး နီညိုရောင်ဆံပင်တို့ကိုကပိုကရိုထုံးဖွဲ့ထားသည်။

"‌ဘယ်လိုလုပ်မလဲဗျ လီမွန်ကိတ်ကတစ်လုံးတည်းကျန်တော့တာရယ်"

ဟီဆွန်းဘာမှစကားမဟရသေးခင် ကောင်တာမှကောင်လေးကပြောလာသောအခါ သူမီးဝါရောင်တပ်ဆင်ထားတဲ့ မှန်ကန့်ထဲသို့လှည့်ကြည့်လိုက်တော့ အဝါရောင်နုနုအသွင်ရှိသော ကိတ်ကတစ်ခုသာကျန်တော့သည်။

"ဟင် ဟုတ်လား သားသားအတွက်ဝယ်သွားပေးချင်တာကို"

ဟယ်ဝန်းကဘေးဘက်သို့ကျနေသော ဆံချည်မျှင်များကို လက်ဖြင့်သပ်သင်ရင်းရေရွက်သည်။ဒါကအထက်တန်းကတည်းက ဟယ်ဝန်းလုပ်နေကြအပြုအမူဖြစ်သည်။နှစ်တွေသာကြာသွားပေမယ့် ထိုအကျင့်လေးကမပျောက်သေးမှန်းသိရသောအခါ ဟီဆွန်းနည်းနည်းတော့ပြုံးမိသွားသည်။

"ဟယ်ဝန်း ယူသွားလိုက်ပါ ကိုယ့်တခြားဟာပဲရွေးလိုက်တော့မယ်"

အမေကြိုက်တာလေးဝယ်‌ချင်သော်လာ်း တစ်ဖက်ကမိန်းကလေးဖြစ်နေသောကြောင့်သူအလျော့ပေးလိုက်သည်။မဟုတ်ရင်လည်း ဟယ်ဝန်းကသာအရင်ထုတ်‌ပိုးပေးဖို့ပြောခဲ့သူမဟုတ်ပါလော။

"မဟုတ်တာ ဟီဆွန်းယူသွားလိုက်ပါ"

"သား ဘာဖြစ်လို့လဲ"

အမေကကြာနေသောကြောင့် လိုက်လာဟန်တူသည် သူနဲ့ဟယ်ဝန်းနှင့်ကိုကြည့်ရင်းမေးခွန်းထုတ်လာသည်။

"လီမွန်ကိတ်ကမကျန်တော့လို့လေ အမေတခြားဘာစားချင်လဲ"

ဟီဆွန်းကအမေ့ဘက်ကိုစောင်းငဲ့ရင်းပြောတော့ ဟယ်ဝန်းကလက်ကာပြရင်း ကောင်တာမှကောင်လေးကို ထုတ်ပိုးပေးရန်ပြောလိုက်သည်။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now