Chapter Two

1K 143 32
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ကဲပါ မင်းသာအရင်ထပါဦး"

ထိုကောင်လေးသည် ထိုင်ရာမှထရန်မကြိုစားဘဲ ဟီဆွန်းကိုသာဇွတ်တောင်းပန်နေလေသည်။

"ဟုတ် ဟုတ် "

ထိုအခါမှစုံမှတ်ထားသော မျက်လုံးများကပွင့်ဟလာသည်။မျက်လုံးကျဉ်းကျဉ်းထဲမှ မျက်ဆံသည် နေရောင်ကြောင့်ပဲလားမသိ နီညိုရောင်တောက်နေလေသည်။

"ထရော ထနိုင်ရဲ့လား"

"ဟုတ် ထနိုင် အာ့"

အသံသေးသေးပြု၍ပြန်ထိုင်ကျသွားသောကြောင့် ထိုကောင်လေး၏ဒဏ်ရာများကို အခုမှသေချာလိုက်ကြည့်မိသည်။

ဒူးအတိဘောင်းဘီအတိုလေးဝတ်ထားသောကြောင့် ဖြူဖြူအုအု ခြေသလုံးရှိနီနီရဲရဲဒဏ်ရာသည်ကား ကြီးကြီးမားမားမဟုတ်သည့်တိုင် ထင်ထင်ရှားရှား။

ကျတုန်းကလက်ထောက်လိုက်သည်ထင်သည်။လက်ဖဝါးပေါ်တွင်လည်း ပွန်းပဲ့များရှိနေသေးသည်။မထနိုင်‌လောက်သည့် ဒဏ်ရာမဟုတ်သည့်တိုင် စောနကမထနိုင်ခြင်းသည် လက်ကိုအားယူ၍ထလိုက်ခြင်းကြောင့် လက်ဖဝါးကပွန်းပဲ့ရာများထိသွားသည်ဖြစ်ရမည်။

"နေနေ ငါထူမယ် ငါထူမယ် ပခုံးကိုကိုင်ထား"

ဟီဆွန်းမှာကြည့်မနေနိုင်တော့သဖြင့် ထိုကလေးသာသာကောင်လေးကို သွားထူရန်လုပ်ရသည်။

"ရ...ရပါတယ်"

မိမိပခုံးပေါ်သို့လက်တင်ခိုင်းလိုက်သောလည်း တွန့်ခနဲနောက်ဆုတ်သွားသောကောင်လေးကြောင့် ဟီဆွန်းမျက်ခုံးများတွန့်ချိုးသွားရသည်။

"ဘာရတာလဲထနိုင်တာလဲမဟုတ်ဘဲနဲ့"

ဟီဆွန်းမှာ စိတ်ရှည်သည့်ဓါတ်ခံလေးမရှိသောကြောင့် လက်ထဲရှိလက်ကောက်ဝတ်ပိန်ပိန်လေးကို အားနှင့်ညှစ်လိုက်မိသည်။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now