![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
―୨୧⋆ ˚
"အိုအီး ကျေးဇူးပါ"
ဆောလ်နူးမှာ ကုမ္ပဏီ၏တရားဝင်ဝက်ဆိုဒ်မှ ဝင်လာသောအမှာစာများကို စာပြန်နေရင်း သူ့ရှေ့သို့ရောက်လာသည့်ရောင်စုံဂျယ်လီထုတ်လေးများကို မြင်လိုက်ရတာကြောင့် ဝယ်လာပေးသည့် ဦးကိုကျေးဇူးတင်လိုက်သည်။
မဟုတ်ရင်တောင် သူခေါင်းကိုက်နေလို့ ချိုချိုချဉ်ချဉ်လေးစားရမယ်လို့တွေးနေတာ။
ဆောလ်နူးမှာ ပျော်မြူးလျက်ပင် ဂျယ်လီထုတ်ကိုဖောက်လိုက်တော့ ထွက်လာသည့်ဝက်ဝံဂျယ်လီလေးကြောင့် သူရယ်မိတော့မလိုဖြစ်သွားသည်။
စတိုးဆိုင်မှာ ဝက်ဝံရုပ်ဂျယ်လီဝယ်နေတဲ့'ဦး'ရဲ့ ပုံရိပ်ကိုသူ့ခန့်မှန်း၍မရနိုင်ပါချေ။
ဟီဆွန်းမှာကောင်းကောင်းစားသည့်ကောင်လေးကိုကြည့်ပြီးမှသူသက်ပြင်းချလိုက်နိုင်သည်။သူကြိုးစားရတာတန်သားပဲလေ။
စတိုးဆိုင်မှာ ရေဘူးဝင်ဝယ်ရင်းက ကလေးတွေကြိုက်လောက်မဲ့ရောင်စုံဂျယ်လီထုတ်လေးများကိုသူအာရုံစိုက်မိသွားသည်။စတိုးဆိုင်ဝန်ထမ်းချက်ချင်းပင်ရောက်လာပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဖြစ်ကြောင်းနဲ့ အိမ်ကသားသားမီးမီးလေးတွေအတွက်ဝယ်သွားရန် ကြိုက်မှာသေချာကြောင်း အာမခံနေခဲ့သည်။
ကလေးအဖေဟုအထင်ခံလိုက်ရသော ဟီဆွန်းမှာလည်းရှက်ရှက်နှင့်ပင် ဂျယ်လီထုတ်လေးငါးထုတ်ကိုကောက်ယူ၍ ထွက်လာခဲ့ရတာဖြစ်သည်။
ဒီရက်ပိုင်းသူနဲ့ဆောလ်နူးဆက်ဆံရေးကသိပ်တော့မဆိုး။
ဆောင်းဟွန်းပြောသလို သူပြန်တွေးကြည့်တော့လည်း သူဆောလ်နူးကိုပိုပိုသာသာဆက်ဆံမိပြီး အကြင်နာပိုနေမိကြောင်းကိုနားလည်လာရသည်။

YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
FanfictionFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo