Chapter Eighteen

459 84 21
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


―୨୧⋆ ˚

ဟီဆွန်း အမှာစာတွေကိုအကြောင်းပြန်နေတယ်လို့ထင်ခဲ့တဲ့ ဆောလ်နူးဟာ အမှန်တကယ်တော့ အလုပ်လုပ်နေခြင်းဟုတ်မနေခဲ့ပါ။

ကီးဘုတ်ပေါ်ကလက်တွေကို အရှိန်တင်၍တတောက်တောက်ဖြင့် သည်းကြီးမည်းကြီး စာရိုက်နေတာက အကောင်းဆုံးသူငယ်ချင်းယန်းဂျောင်ဝန်းဆီကိုပါပင်။

ဦးနဲ့တရားဝင်တွဲပြီးကတည်းက ယန်းဂျောင်ဝန်းနဲ့မတွေ့ရသေးတာမို့ ဒီကိစ္စကိုမပြောရသေးဖူးလေ။အမှန်ဆို ဒီလိုကိစ္စမျိုးက နှစ်ယောက်သားခေါင်းချင်းဆိုင်ပြောရမယ့်ကိစ္စဆိုပေမယ့် ဒီနေဟာတနင်္ဂနွေ‌ဖြစ်နေတဲ့အပြင် မနက်ကတည်းက ဒီကိုရောက်နေတာမို့ အခွင့်အရေးမရ။

ညကလည်းသူဝမ်းသားအားရဖြင့် သကောင့်သားကိုစာပို့ထားပေမယ့် အဲ့ဒီကောင်ကစောစောစီးစီး အိပ်ပျော်သွားသောကြောင့်ဟုအကြောင်းပြ၍ စာကိုအခုမနက်မှပြန်သည်။

စာရိုက်ပို့ရတာ အားမရတော့ပုံရတော့ ဂျောင်ဝန်းဆီက အဝင်ဖုန်းလက်ခံရရှိလိုက်တာမို့ ဆောလ်နူးမှ အမြန်ပင်ရုံးခန်းအပြင်ဘက်သို့ထွက်ပြီး လက်ခံခလုတ်ကိုနိုပ်ပြီး ဖုန်းကိုဖြေဆိုလိုက်ရသည်။

"‌ဟယ်လို"

"ဟယ်လိုမနေနဲ့ ဘယ်လိုဖြစ်တာလဲ အစအဆုံးပြောပြ"

တစ်ဖက်ကစူးခနဲထွက်လာသည့်အသံကြောင့် ဆောလ်နူးမှာဖုန်းနှင့်နားကိုပင်ခွာထားလိုက်သည်။

"ဘယ်လိုဖြစ်ရမှာလဲ  ညကငါတို့အိမ်မှာ ဦးကညစာလာစားတယ်လေ အဲ့ဒါမေမေမရသေးဘူး အပေါ်မှာ ခဏစောင့်နေဦးဆိုတာနဲ့ ငါ့အခန်းထဲမှာ‌စောင့်နေတာ မင်းသိတဲ့အတိုင်းပဲလေ ငါကစိတ်ထဲအများကြီးတွေးမိနေရင် ပါးစပ်ကထုတ်ပြောမိရောလေ အဲ့ဒါနဲ့ နောက်တစ်ကြိမ်ဖွင့်ပြောမိသလိုဖြစ်သွားရော အစကတော့ငြင်းမယ်ပဲထင်တာ ဒါပေမယ့်လက်ခံလိုက်တယ်လေ အဲ့ဒါနဲ့တွဲဖြစ်သွားတာပဲ"

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now