Chapter Fifteen

738 117 16
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



―୨୧⋆ ˚


ဟီဆွန်းတတ်ပလက်ပေါ်မှ အချိန်ဇယားများကိုကြည့်ရင်းစိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

"ဒီဟာဘာလဲ ဘာလို့ငါ့ကိုတောင်ပြန်မမေးရတော့တာလဲ"

ဂျိတ်ခ်နှင့်ဆောလ်နူးကသူ့ရှေ့တွင် ငြိမ်ငြိမ်လေးထိုင်နေကြပြီး အပြစ်လုပ်ထားကြသူများပီပီမျက်လုံးများလဲလွှဲထားကြသည်။

"ဟီဆွန်း ဆူမနေပါနဲ့တော့ ဒါကဆောလ်နူးကောင်းဖို့ပဲလေ..နီခီနဲ့တွဲရိုက်ရတာနည်းတဲ့အခွင့်အရေးလား"

ဟီဆွန်းမှာတောင့်တင်းလာသော န‌ထင်ကြောများကိုခပ်ဖွဖွဖိရင်း တတ်ပလက်ကိုစားပွဲပေါ်ကိုပစ်ချလိုက်သည်။အခုကိစ္စမှာ ခံစားချက်ဘာညာကိုဘေးဘယ်ထားလိုက်ဦး စီးအီးအိုတစ်ယောက်နဲ့တောင်တိုင်ပင်ထားခြင်းမရှိဘဲ ဘရန်းမော်ဒယ်လ်ကတခြားကြော်ညာတစ်ခုကိုလက်ခံလိုက်သည်တဲ့။

"ဒါပေမယ့် အနည်းဆုံးငါ့ကိုတော့တိုင်ပင်ရမှာပေါ့...ပြီးတော့ဒီရူတင်အချိန်ဇယားကသုံးရက်ဆက်တိုက်ကြီး ကျောင်းပျက်ရမှာ နှစ်ဝက်စာမေးပွဲကနီးနေပြီမဟုတ်လား ဘယ်လိုလုပ်မှာလဲ မင်း"

ဟီဆွန်းမှာဂျိတ်ခ်ကိုဦးတည်ပြောနေရင်းက ဆောလ်နူးဘက်လှည့်ကာစိုက်ကြည့်ရင်းပြောလိုက်တာမို့ သူဆက်ခနဲပင်တုန်သွားရသည်။

ဒီကိစ္စမှာသူနည်းနည်းလွန်သွားတယ်ဆိုတာသိပေမယ့် ဦး ကိုအသိပေးရင်တောင် ခွင့်‌ပြုပေးဖို့ကမှမသေချာပဲ ။'ဦး'ပြောသလိုသူ့စာမေးပွဲကနီးနေပြီဖြစ်သည်။

ဒါပေမယ့်နီခီကသူ့ကြောင့်နဲ့ ဘယ်လိုလုပ်အချိန်ရွေ့ပေးလို့ရမှာလဲ။ဟိုကသူ့ထက်တောင်အလုပ်များတဲ့သူမဟုတ်လား။ဆောလ်နူးလဲ သေချာစဉ်းစားပြီးမှဆုံးဖြတ်လက်ခံခဲ့တာဖြစ်သည်‌မို့ နောင်တတော့မရမိပါ။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now