Chapter Five

460 89 5
                                    

―୨୧⋆ ˚

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

―୨୧⋆ ˚

ဓာတ်ပုံစတူဒီယိုကသိပ်ပြီးမကြီးလှ။ဓာတ်ပုံဆရာကသူတို့ကနေဒါမှာတည်းကဒိုင်ခံရိုက်ပေးခဲ့တဲ့ ဒိုဂယောင်း ဖြစ်တာမို့မိသားစုဝင်တွေလိုတောင်ရင်းနှီးနေကြပြီဖြစ်သည်။

လူကသူအပါအဝင်ခြောက်ယောက်‌သာရှိတာမို့ ဒိုဂယောင်းရဲ့ညွှန်ကြားသံနှင့်ချီးကျူးသံတွေ ကင်မရာရိုက်သံတစ်ချက်ကသာထွက်ပေါ်နေသည်။

"မင်းကစက်ရုံမသွားဘူးလား"

အနားကပ်လာကာ ပြောသည့်ဆောင်းဟွန်း၏စကားကြောင့် သူ့အကြည့်တွေကမီးရောင်တဖျက်ဖျက်လင်းနေသည့်ဆက်တင်ဆီကနေလွှဲဖယ်လိုက်ရသည်။

"သွားစရာမလိုလို့လေ"

ဟီဆွန်း၏အကြောင်းပြချက်ယုတ္တိရှိပေမယ့်လည်း ဆောင်းဟွန်းတွင်သိချင်စိတ်တွေကရှိနေဆဲ။ပုံမှန်ဆိုဟီဆွန်းကစက်ရုံမှာပဲဖြစ်ဖြစ်..ဒီစတူဒီယိုရဲ့အပေါ်ထပ်ကသူတို့ရုံးခန်းထဲမှာပဲဖြစ်ဖြစ် ရှိနေတတ်တာဖြစ်ပြီး ဒီကိုလာခဲလှသည်။

မော်ဒယ်လ်အသစ်ကိုအကဲခတ်ချင်တာထင်တဲ့ဆောင်းဟွန်းပေါ့ပေါ့ပဲတွေးလိုက်မိပေမယ့် တစ်ဘက်သူက‌အမှန်အတိုင်းဝန်မခံတဲ့အခါ သံသယတွေပိုကြီးထွားလာသည်။

ဒါပေမယ့်လစ်လျူရှု့ကာသက်ပြင်းဖြေးဖြေးချလိုက်ရင်း ဓာတ်ပုံရိုက်နေသည့်ကောင်လေးဆီသို့သာအကြည့်လွှဲလိုက်တော့သည်။

ဟီဆွန်းသည်တော့ချာတိတ်၏တည်တင်းသောမျက်နှာဖက်ခြမ်းကိုအခုမှမြင်ဖူးသူပီပီတောင့်တင်းနေမိသည်။အရင်က‌နေဖိုးပြုံးချိုလေးကနေလုံးဝပြောင်းလဲသွားသောမျက်နှာထားကိုလဲ အတော်လေးချီးကျူးမိသည်။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now