![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ―୨୧⋆ ˚
" ဦး ဒီကိုကြည့် ဒီဟာလား ဒီဟာလား"
ဟီဆွန်းအိမ်သုံးပစ္စည်းတန်းဘက်အာရုံရောက်နေစဉ် နောက်ကထွက်လာသည့်ဆောလ်နူး၏အသံကြောင့်လှည့်ကြည့်လိုက်တော့ အဖြူရောင် cardigan တစ်ထည်နဲ့ အစိမ်းနုရောင်ဆွယ်တာတစ်ထည်ကိုလက်တစ်ဖက်တစ်ချက်တွင်ကိုင်ဆွဲရင်းမြှောက်ပြထားတာကိုတွေ့လိုက်ရသည်။
"အင်း ကလေးကြိုက်တာယူလေ"
သူ့စကားကိုကြားတော့ ဆောလ်နူးကအလိုမကျဟန်မျက်မှောင်ကြုံ့သည်။ဟီဆွန်းသည်တော့ ခုနကတွေ့ခဲ့သည့်အရုပ်မဝယ်ပေးလို့အလိုမကျဖြစ်နေသောကလေးလေး၏အမူအရာနှင့် ဆင်တူနေသည်ကိုသတိထားမိသွားပြီးရယ်ချင်သွားသည်။
"မရဘူး ဦးကြိုက်တာယူမှာပါဆို"
လက်ထဲရှိချိတ်များကိုလှုပ်ယမ်းရင်း ခြေထောက်ဆောင့်ပြောသူကြောင့် ဟီဆွန်းခေါင်းယမ်းလိုက်ပြီး ထိုကလေးပေါက်နားသို့တိုးကပ်သွားလိုက်ရသည်။
"ကဲ နှစ်ခုလုံးယူလိုက်ဟုတ်ပြီလား"
ဆောလ်နူးလက်ထဲကအင်္ကျီနှစ်ထည်လုံးကိုသူဆွဲယူလိုက်ပြီး မုန့်များ၊တခြားပစ္စည်းများပစ္စယာဖြင့် ပြည့်လုနီးဖြစ်နေပြီဖြစ်သော တွန်းလှည်းထဲကိုထည့်လိုက်သည်။
"ဟွန့် ပိုက်ဆံပေါနေတယ်"
သူ့ကိုမျက်စောင်းဒိုင်းကနဲထိုးကာ ထွက်သွားသူသည် ပွစိပွစိလုပ်ရင်းရှေ့ကဆောင့်ဆောင့်ဖြင့်ထွက်သွားပြန်လျှင် သူတွန်းလှည်းကိုတွန်းပြီးအနောက်ကလိုက်ရပြန်သည်။
"ဦးဒီမှာကြည့်စမ်း ချစ်စရာလေး"
သိပ်ပင်မကြာလိုက် ဆောလ်နူး၏အသံခပ်စူးစူးကိုကြားလိုက်ရပြန်သည်။ဒီတစ်ခါကတော့သူတစ်ယောက်တည်းမဟုတ်ပဲ ကျန်တဲ့သူတစ်ချို့ကပါ ကွက်ကြည့်ကွက်ကြည့်လုပ်လာကုန်ကြ၍ ကင်မ်ဆောလ်နူးခမျာခေါင်းလေးပုသွားရသည်။

YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
Fiksi PenggemarFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo