Chapter Thirteen

560 113 41
                                    

―୨୧⋆ ˚

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

―୨୧⋆ ˚


တိတ်ဆိတ်နေတဲ့အခြေအနေတွင် 'ဦး'၏မျက်နှာကတင်းမာနေပြီး လေထုမှာလည်းအသက်ရှုကျပ်ဖွယ်။

"ဒီမှာကိုယ်ပြောမယ် မင်းတို့လိုအရွယ်တွေက စိတ်ကစားတတ်တာကိုယ်သိပါတယ်."

"သား စိတ်ကစားတာမဟုတ်ပါဘူး"

ကားထဲတွင်ဆောလ်နူး၏ခပ်စူးစူးအသံကပျံ့နှံ့သွားသည်။'ဦး'ကဒီလိုမျိုးပြောလောက်မှာသူကြိုတင်သိခဲ့ပြီးဖြစ်သည်။

"ကိုယ်စကားပြောနေရင်ဖြတ်မပြောနဲ့"

'ဦး'၏ခပ်တင်းတင်းလေသံကြောင့် ဆောလ်နူးနှုတ်ခမ်းကိုက်ပြီးမျက်နှာလွှဲလိုက်မိသည်။ကားမောင်းနေတဲ့'ဦး'ကတော့ စကားထပ်မစသေးဘဲ အနီးအနားကပန်းခြံတစ်ခုရှေ့မှာကားရပ်လိုက်တော့ ဆောလ်နူးလက်ဖျားလေးတွေအေးစက်သွားရသည်။

"ကိုယ်လုပ်ခဲ့တဲ့အပြုအမူတွေက နည်းနည်းအထင်လွဲစရာဖြစ်သွားလားတော့မသိဘူး"

ဆောလ်နူးလက်ချောင်းတွေကိုအချင်းချင်းကုတ်ခြစ်ရင်း ဘေးကိုလှည့်မကြည့်ဖြစ်။'ဦး'ကလည်းအရှေ့တည့်တည့်ကိုမျက်နှာမူထားသည်။

"ဟယ်ဝန်းရဲ့သားလေးဆိုတော့ ကိုယ့်တူကိုယ့်သားလို့ပဲစောင့်ရှောက်ဖို့တွေးထားတာမို့ အခုထိကိုယ့်မှာအလိုစိတ်မျိုးမရှိခဲ့ဖူးဘူး ပြီးတော့ဒါကကိုယ်စိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးနော် ကိုယ်လဲမင်းတို့လိုအရွယ်လေးတွေကို ဖြတ်သန်းဖူးခဲ့တာမို့ နားလည်လို့သေချာရှင်းပြနေတာ"

ဆောလ်နူးစိတ်ထဲမှာတော့ ပြာယာခတ်နေသည်။သူဒီလိုအခြေအနေမျိုးကိုကြိုမတွေးထားခဲ့ဘူး။သေချာပေါက်'ဦး'ကချက်ချင်းလက်မခံရင်တောင် အသက်ကွာဟချက်ကိုအကြောင်းပြပြီး ချွေးသိပ်လောက်မယ်လို့ထင်ထားတာ။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now