―୨୧⋆ ˚
ကျောင်းခေါင်းလောင်းတီးပြီးသိပ်မကြာလိုက် ကျောင်းဝန်းထဲမှယူနီဖောင်းဆင်တူဖြင့်ကျောင်းသားများသည် အလျှိုလျှိုထွက်လာကြသည်။
ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းရှေ့တွင်လူအနည်းငယ်ရှုပ်နေသောကြောင့် ဟီဆွန်း ကျောင်းဝကိုလှမ်းမြင်နေရတဲ့ ခပ်လှမ်းလှမ်းသစ်ပင်အောက်မှာပဲကားရပ်ပြီးစောင့်နေမိသည်။
ကျောင်းဆင်းချိန်ရောက်လျှင် အရှေ့ဆုံးကနေပြေးထွက်လာကြသောအုပ်စု သာမန်အရှိန်ဖြင့်ထွက်လာကျသောအုပ်စုနှင့် နှေးတိနှေးကန်အုပ်စုဟု၍ကအမြဲရှိတတ်သည်။
ဟီဆွန်းကတော့ တတိယအုပ်စုထဲမှာပါပြီး သူငယ်ချင်းတွေအကုန်လုံးပထမအုပ်စုထဲကလူတွေမို့ စာသင်နေရင်းနှင့်ပင်နာရီတကြည့်ကြည့်နှင့် ပစ္စည်းတွေသိမ်းထားတတ်ကြပြီး ခေါင်းလောင်းသံကြားသည်နှင့်နေရာတွေအစအနပင်မမြင်ရတော့။
ကြည့်ရတာဆောလ်နူးကတော့သူနှင့်တူသည့်ဟန်ပင်။ကျောင်းဆင်းတာ ငါးမိနစ်၊ဆယ်မိနစ်ရှိသည်အထိထွက်လာတာကိုမတွေ့ရသေး။
ကျောင်းရှေ့မှာ လူအနည်းငယ်ရှင်းလာပြီးနောက်မှ ဂိတ်တံခါးဝကနေလှုပ်လှုပ် လှုပ်လှုပ်ဖြင့်ထွက်လာသည့်ကလေးကိုတွေ့လိုက်ရသည်။
ဘေးနားတွင် သူ့၏သူငယ်ချင်းကတွဲလျက်။ဟီဆွန်းလည်းအရင်ကခင်မင်တဲ့သူငယ်ချင်းတွေအများကြီးရှိခဲ့ပေမယ့် အခုခေတ်ကလေးတွေနဲ့မတူတော့တာတော့ဝန်ခံရမယ်။
သူတို့တုန်းကဆိုတစ်ယောက်နဲ့တစ်ယောက်ဆေးထိုးလိုက်၊စနောက်လိုက်၊ရန်ဖြစ်လိုက်နှင့်ပင်။အခုခေတ်ကလေးတွေကတော့ အရမ်းကိုပူးပူးကပ်ကပ်ရှိလွန်းသည်။
YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
FanficFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo