Chapter Seventeen

531 91 14
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


―୨୧⋆ ˚


သူ့စကားကြောင့် အံ့ဩသွားဟန်ရတဲ့ ကောင်လေးဟာ နှုတ်ခမ်းလေးများတောင်ပွင့်ဟာနေသဖြင့် ခံတွင်းအတွင်းမှလျှာနီနီလေးကို သူလှမ်းမြင်လိုက်ရသည်။

"ကိုယ်အစကတော့ ချာတိတ်ကတကယ်ချစ်‌ဖို့ကောင်းတဲ့ကလေးမို့လို့ ဒီတိုင်းစိတ်ယိုင်မိရုံပဲလို့ထင်ခဲ့တာ...ပြီးတော့ကိုယ်နဲ့ချာတိတ်နဲ့ကအသက်လည်းကွာတယ်လေ...ကိုယ်နဲ့တွဲတာက ချာတိတ်အတွက်ကောင်းလိမ့်မယ်လို့မထင်ခဲ့ဘူး"

"ဒါပေမယ့် ချာတိတ်တခြားတစ်ယောက်နဲ့အတူရှိနေတာကို ကိုယ်မကြည့်ရက်ဘူး တချိန်ချိန် ချာတိတ်မှာချစ်သူရည်းစားရှိလာမယ့်အချိန် အဲ့လို‌တွေတွေးမိရင် ကိုယ်ရူးတော့မလိုပဲ"

"ကိုယ်အတွက်ဒီလိုပြောရတာသိပ်တော့မလွယ်ဘူး ကိုယ်ကငယ်တော့တဲ့အရွယ်လဲမဟုတ်တာမို့ ဒီလိုခံစားချက်တွေနဲ့ပတ်သတ်ပြီး စိတ်ထဲအရမ်းမထားချင်ဘူး ဒါပေမယ် မင်း..."

ဟီဆွန်းမည့်သည့်စကားလုံးမျိုးကို ထပ်ပြောရမလဲ စဉ်းစားနေမိသည်။သူ့ဦးနှောက်အခုချိန်မှာ တွေးတောဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးနေပေမယ့်လဲ ခံစားချက်တွေဟာစကားလုံးအဖြစ် ပွင့်အန်ကျလာသည်မို့ အချိန်တော့အများကြီးမယူလိုက်ရ။

"မင်းက..မင်းက...မတူဘူး...ကိုယ်အမြဲမင်းကိုတွေ့ရင် ရင်ထဲအေးချမ်းနေတယ် အဲ့ဒီအေးချမ်းမှုလေးကို ကိုယ့်မျက်စိအောက်မှာပဲ အမြဲထားချင်တယ်..တခြားသူ တခြားသူမပေးလိုက်နိုင်ဘူး နောက်ကျမှသိလိုက်ရ‌ပေမယ့် ကိုယ်...ကိုယ်မင်းကို ချစ်တယ်"

သိပ်သိပ်သည်းသည်း ခံစားချက်တွေဟာ စကားလုံးအဖြစ်ဖွင့်အန်ချလိုက်ပြီးပြီမို့  ရင်ထဲတွင်လှစ်ဟာမှုက ဖြစ်ပေါ်လာသည်။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Where stories live. Discover now